22. Trapping in Suburb

328 11 0
                                    

Zawgyi

"ဂျွန်..အ..ဒါရိုက်တာဂျွန်''

နိုအာ ဂျွန့်ထံမှ ဂျွန်ဟုသာခေါ်ရန်တောင်းဆိုပြီးချိန်မှစ၍ 'ဂျွန်'ဟူသောနာမ်စားလေးက နူတ်ဖျား၌စွဲနေတော့၏။ ယခုလည်း ရုံးခန်းထဲ၌ သတိလက်လွတ်စွာပင် 'ဂျွန်'ဟုခေါ်မိလေသည်။

ဂျွန်က နိုအာ၏ခေါ်သံအားကြားသည့်နှင့် ပြုံးမိလေသည်။ ထို့နောက် နိုအာအားကြည့်လာပြီး.... ''ကိုယ်တို့နှစ်ယောက်တည်းရှိနေတာ နိုအာ ဂျွန် လို့ခေါ်လည်း ကိုယ်ကစိတ်မဆိုးဘူး''

ဂျွန်၏ ပစားပေးမှုများကြောင့် အမြဲလိုလို နိုအာအနေရခက်ရသည်။ နိုအာကိုယ်တိုင်ကမူ အခွင့်အရေးယူတတ်သည့်သူမဟုတ်တာကြောင့် ဂျွန်၏ ကြည်ကြည်ဖြူဖြူကမ်းလှမ်းမှုများက လေထဲအခိုးအငွေ့များလွင့်ပျံ့သွားသယောင်ပင်။

"ဟုတ် သဘောထားကြီးတဲ့အတွက်ကျေးဇူးပါ ဂျွန်...''

ဂျွန်နိုအာ့မျက်နှာအားမမှိတ်မသုန်ပင်ကြည့်လျက် တစုံတခုအား အလျော့ပေးအလိုလိုက်ထားသကဲ့သို့သောအကြောင်းအရာကို ပြောလာ၏။

"အင်း...ကိုယ့်သာ သဘောထားမကြီးရင်ဒီချိန်ထိ သည်လိုဖြစ်နေမှာမဟုတ်ဘူး''

ဂျွန်၏ နားလည်ရခက်သော စကားကြောင့်နိုအာက ဂဃနဏမသိသည့်မျက်ဝန်းများဖြင့် ဂျွန့်အားကြည့်လေတော့သည်။

"ဟို...ကျွန်တော်တို့ GHT Construction နဲ့ Project အသစ်လုပ်ထားတာ inspection ဝင်ဖို့ အချိန်ညှိထားတာလေး မေးချင်လို့ပါ၊ ဂျွန် ဘယ်ချိန်အဆင်ပြေလဲ ကျွန်တော် site ကတာဝန်ခံကိုကြိုပြောထားလိုက်ပါမယ်''

ဂျွန် တစ်ယောက် အခွင့်ရေးရလျှင်ရသလို လမ်းကြောင်းခင်းပေးလေ့ရှိသော်လည်း မနူးမနပ်နို့ခဲလေး၏ အူတူတူအတတ အပြုမူများရှေ့၌ ထိုလမ်းကြောင်းများအစအနပျောက်သွားလေ့ရှိသည်မှာ ထုံးစံအတိုင်းဖြစ်နေတော့၏။ ထို့ကြောင့် ဂျွန် ထူးကဲပြီး မခံစားရတော့ချေ။

"မနက်ဖန်အဆင်ပြေတယ် ကိုယ်တို့ အဲ့site ကိုသွားကြတာပေါ့၊ လိုအပ်တဲ့ Safety ပစ္စည်းတွေ ၂ယောက်စာပြင်ထားဖို့ပါထည့်ပြောထားပေး''
.
.
.
.
နောက်နေ့မနက်ခင်း၌ ဂျွန်က  နိုအာ့အားအဆောင်မှတခါတည်းဝင်ခေါ်၍ လုပ်ငန်းသစ်စနေပြီဖြစ်သော RUN WAY Mansion အိမ်ယာစီမံကိန်းရှိရာသို့ မနက်ရှစ်နာရီကပင်  သွားကြသည်။ ၎င်းစီမံကိန်းသည် GHT Construction နှင့်ပူးပေါင်းဆောက်လုပ်သည့် Project ဖြစ်ပြီး မဲလ်ဘုန်းမြို့ရှိဆင်ခြေဖုံးအရပ်၌ရှိလေသည်။ စီမံကိန်းဧရိယာမှာ အလွန်ကျယ်ဝန်းပြီး ၃နှစ်အပြီးဆောက်လုပ်ပြီးစီးရန်လျာထားကြသည်။

ARE YOU 18? [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon