14. First Kiss ခိုးယူခံရခြင်း (2)

376 14 2
                                    

Zawgyi

ဂျွန်၏ တိုးလျသည့်စကားအားနိုအာမကြားလိုက်ပေ။ သို့သော် ကက်သရင်းက စားပွဲသို့ရောက်ရှိချိန်နှင့်တိုးလေသည်။

"ကဲ ဒါရိုက်တာဂျွန်ကြီး ဘာတွေချိုနေတာလဲ ငါလည်းမြည်းချင်တယ်လို့''

ကက်သရင်းကဘီယာကြိုက်သည်မို့ ဘီယာဘယ်နှခွက်လောက် ဗိုက်ထဲဝင်သွားမှန်းသူမ မမှတ်မိတော့ချေ။

ဂျွန့် 'ဟွန့် 'ဟု အသံပြုပြီးနောက် သူမအားကြည့်ကာ...

"ကက်သရင်း.. နင်တော်တော့ ဘီယာတွေထပ်မယူနဲ့ မူးရူးပြီး လူမှန်းမသိဖြစ်ဦးမယ် အဖေ့မျက်နှာ အိုးမည်းမသုတ်မိစေနဲ့''

"ဟီး..ဟီး...ငါနင်နဲ့ နိုခဲလေးကိုလာမနှောင့်ယှက်တော့ပါဘူး ​ တစ်ခွက်ပဲထပ်သောက်ခွင့်ပြုလေ နော်?''

.
.

ညဆယ့်တစ်နာရီနှင့် မိနစ်နှစ်ဆယ်ခန့်တွင် အကုန်လုံးစားသောက်၍ စားပွဲ၌ စားစရာများကုန်သလောက်ပင်ဖြစ်လေသည်။ အချိန်အားဖြင့်လည်း မလင့်တော့ပြီမို့ ဘုတ်အဖွဲ့ဝင်လူကြီးများကိုအသီးသီးကားငှားပေး၍လိုက်ပို့စေသည်။ အမူးလွန်သည့်သူများကို အမူးမလွန်သေးသည့်သူများကအချင်းချင်းထိန်းလျက်ရှိကြသည်။

"အားလုံး ပျော်စရာကောင်းတဲ့အချိန်လေးဖြစ်မယ်လို့ယုံကြည်ပါတယ် မနက်ကျ ရုံးနောက်မကျစေနဲ့နော် နောက်ကျရင် HR ဌာနနဲ့စကားပြောရလိမ့်မယ်''

ဂျွန်၏ စကားကြားသည်နှင့် အားလုံးက မူးနေသည့်ကြားကပင် ဟာကနဲညည်းညူကြလေသည်။

"အိုကေတယ်နော်''

"အိုကေ'' ''အိုကေပါတယ်'' ''ရက်စ်''.. ဟုဝိုင်းအော်ကြလေသည်။

ဂျွန်က ငွေစာရင်းဌာနရှိလူချောလေးဆီဖက်တွယ်ထားသော အမူးလွန်နေသည့် ကက်သရင်းအားမနဲဆွဲခေါ်ခဲ့ရသည်။ ဂျွန်ကိုယ်တိုင်လည်း ဘီယာတစ်ခွက်ကျော်မျှသောက်ခဲ့ရ၏။ Dinner ဖြစ်သည်မို့အသောက်အစားကရှောင်၍မရပေ။ ဂျွန်အရက်ဘီယာလုံးဝရှောင်ခဲ့သည်မှာ လွန်ခဲ့သည့်နှစ်များကတည်းပင်ဖြစ်သည်။ အတိအကျဆိုသော် သူမနှင့်နောက်ဆုံးအကြိမ် လမ်းခွဲပြီးသည့်အချိန်မှစ၍နှစ်နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now