8. ဒါရိုက်တာ ဂျွန်ရဲ့ ရည်းစား ??

807 54 0
                                    


နိုအာနှင့် ဂျွန်တို့ နေ့လည်စာစားပြီးနောက် ဟိုတယ်သို့ ပြန်ရောက်လာခဲ့သည်။ ဂျွန်က သူ၏ Laptop အားဖွင့်ကာ ဒီဇိုင်းဌာနမှ ပို့ထားသော ဖိုင်များကို အသေးစိတ်စစ်ဆေးနေလေသည်။ နိုအာလည်း သူ၏ note စာအုပ်အထဲ ရေးမှတ်ထားခဲ့သည်များကို ဖတ်ပြီး သူ၏ Laptop ထဲ၌ လိုအပ်သည့် အချက်အလက်များကို ရှာဖွေလေသည်။ နှစ်ယောက်သား အလုပ်ထဲ၌သာ ခေါင်းနှစ်ထားသည်မို့ ဟိုတယ်အခန်းထဲ၌ တတောက်တောက် မြည်နေသော ကွန်ပျူတာ ကီးဘုတ်ရိုက်နှိပ်သံများသာ ပဲ့တင်ထပ်နေလေသည်။

ရုတ်တရက် မြည်လာသောထုန်းသံကြောင့် အသံလာရာသို့ နိုအာရော၊ ဂျွန်ပါရှာဖွေမိကြသည်။ ၎င်းမှာ ကုတင်၏ဘေးရှိ စားပွဲပေါ်တွင် တင်ထားသော ဂျွန်၏ ဖုန်းမြည်လာခြင်းဖြစ်သည်။ နိုအာက ခေါင်းအသာစောင်းကာ ဂျွန့်အားကြည့်နေမိလေသည်။ ဂျွန်က ထိုဖုန်းကိုမဖြေဘဲ သူ့ကုတင်အထက်၌ ထားလိုက်ပြီး ကွန်ပျူတာ စခရင်ကိုသာ အာရုံစိုက်ထားသည်။မိနစ်ပိုင်းမျှအကြာတွင် ဂျွန်၏ဖုန်းက အသံမြည်လာပြန်သည်။ သည်တခါမှာတော့ ဂျွန် သက်ပြင်းခပ်တိုးတိုးချလျက် ဖုန်းပြန်ဖြေရန် နှိပ်လိုက်သည်။

"ဟယ်လို ဂျွန် ''....ဟူသောအမျိုးသမီးတစ်ဦး၏အသံကို နိုအာခပ်တိုးတိုးကြားလိုက်ရလေသည်။

"မင်းကိုယ့်နာမည်ကိုအပြည့်အစုံခေါ်တာကောင်းမယ်...ဖုန်းတွေဆက်တိုက်ခေါ်နေတာ မင်းဘာပြောစရာရှိလို့လဲ ''

ရင့်သီးသည့်စကားများဖြင့် ဖြေလျက် ဂျွန် ကုတင်အထက်ထိုင်ရာမှထကာ ဝရန်တာဘက်သို့လျှောက်သွားလေသည်။

ဖုန်းတဖက်မှ အမျိုးသမီး၏ မပီမပြင်သောအသံတချို့ကို နိုအာကြားလိုက်ရသည့်အခါ ဒါရိုက်တာဂျွန် နှင့် ထိုအမျိုးသမီးက တစ်ခုခုပဲဟုတွေးမိသည်။

မိနစ်အနည်းငယ်အကြာတွင် ဒါရိုက်တာဂျွန် ဝရန်တာဘက်မှ အထဲသို့ပြန်ဝင်လာလေသည်။ နိုအာလည်း မသိချင်ယောင်ဆောင်ကာ သူ၏ ကွန်ပျူတာ မျက်နှာပြင်သို့သာ စိုက်ကြည့်နေလိုက်သည်။
.
.
ညနေ ၆နာရီခွဲ၌ နိုအာရေချိုးပြီးသည်နှင့် ဂျွန်က နိုအာ့အား ခေါ်ကာ ဟိုတယ်၏ စားသောက်ဆိုင်ရှိရာ အလွှာသို့ဆင်းကြသည်။ ဟိုတယ်၏ စားသောက်ဆိုင်က ဘူဖေးစနစ်ဖြစ်တာကြောင့် နိုအာနှင့်ဂျွန်တို့ မိမိနှစ်သက်ရာကို ပန်းကန်ထဲသို့ယူထည့်ကြသည်။

ARE YOU 18? [COMPLETED]Where stories live. Discover now