18. နိုအာ့အတွေးများလှုံ့ဆော်ခံရခြင်း

747 46 0
                                    

Unicode

"မစ်စ်ကက်သရင်း surveyor တွေပြန်ရောက်ရင် ကျွန်တော့်ဆီလှမ်းပြောပေးပါဦး''

ဧည့်ကြိုကောင်တာရှိ ကက်သရင်းအားလာတွေ့၍ နိုအာအကူအညီတောင်းလေသည်။ ရုံးရှိ Surveyor ဌာနသည် ဒီဇိုင်းဌာနအတွက် ဆိုက်ထဲသို့ ကြိုတင်၍ဧရိယာနှင့် အတိုင်းအတာများကိုစီစစ်တိုင်းတာရလေ့ရှိသည်။ ထို့ကြောင့်ဒါရိုက်တာဂျွန်ဦးစီးသောဒီဇိုင်းဌာနအတွက် ဆိုက်တစ်ခုအားကိုယ်တိုင်စစ်ဆေးရန်လိုလာသည်မို့နိုအာSurveyorများကိုရှာရလေသည်။

"အိုကေလေ Surveyorတွေနဲ့တိုင်ပင်စရာရှိလို့လား နို့ခဲလေး''

"ဟုတ်တယ် ကျွန်တော်တို့ မြို့စွန်ဘက် XXX လမ်းမပေါ်ကဆောက်လုပ်ရေးတစ်ခုမှာ ဒီဇိုင်းပိုင်းအယ်ရာ(error)တက်နေလို့ သွားစစ်ဆေးရမယ်''

"ဟုတ်လား မင်း ဖရက်ဒီတို့surveyorအုပ်စုနဲ့ လိုက်သွားမှာပေါ့..အင်း ဖရက်ဒီတို့လာရင်အမဖုန်းခေါ်လိုက်မယ်''

"ကျေးဇူးပါ မစ်စ်ကက်သရင်း''

နိုအာလည်း ကက်သရင်းအားကျောခိုင်း၍ ဒါရိုက်တာဂျွန်ရှိရာရုံးခန်းသို့ပြန်လာ၏။ ဆိုက်ထဲသွားကြည့်ရမည့်အတွက်ကြောင့် ၎င်းအဆောက်အဦးနှင့်သက်ဆိုင်သောဒေတါအချက်အလက်နှင့် စာရွက်စာတမ်းများကိုနိုအာပြင်ဆင်လေသည်။ ထိုစဥ်အနားရှိစားပွဲမှ ဒါရိုက်တာဂျွန်က နိုအာ့ဆီစာချုပ်ဖိုင်တစ်ခုအားကမ်းပေးလါပြီးစကားဆိုလေသည်။

"နိုအာ Surveyor တွေနဲ့အတူလိုက်သွားရင် သူတို့ပြန်တိုင်းထားတဲ့ Dimensionsရဲ့ Drawing Plan တွေကို ကိုယ့်ဆီယူလာခဲ့ပေး၊ ဖရက်ဒီတို့ကိုလည်း ကိုယ်မှာထားတယ်သေချာပြန်တိုင်းဖို့..ကိုယ်စိတ်ချမယ်နော် ဒီတခါနိုအာတစ်ယောက်တည်းသွားရမှာ အဆင်ပြေတယ်မဟုတ်လား''

နိုအာ ဂျွန့်မျက်နှာကိုမော့ကြည့်လျက် သည်တာဝန်အားလုပ်ကိုင်နိုင်ကြောင်း ယုံကြည်ချက်အပြည့်ဖြင့်တုံ့ပြန်လေသည်။

"ကျွန်တော် လုပ်နိုင်တယ် ဒါရိုက်တာဂျွန်''

"ကောင်းပြီ ကိုယ်စိတ်ချမယ်နော် တခုခုဆို ကိုယ့်ကိုဖုန်းဆက်''

ARE YOU 18? [COMPLETED]Where stories live. Discover now