19. နွေးထွေးကြင်နာတတ်သော

682 50 3
                                    

Unicode

နိုအာ ဖရက်ဒီတို့အုပ်စုနှင့် ဆစ်ဒနီမြို့အစွန်ဘက်ရှိ XXX လမ်းမပေါ်က site ကိုနေ့လည် ၂နာရီခွဲတွင် ရောက်လာခဲ့သည်။ ထိုsiteအတွက် ဆောက်လုပ်ရေးအား တခြားကုမ္ပဏီမှတာဝန်ယူပြီး ဒီဇိုင်းပိုင်းအတွက်မူ Dream Island ကတာဝန်ယူထားလေသည်။ ထိုsiteအား ဆောက်လုပ်ရေးဝင်သည့်အခါ ပိုင်ရှင်သဘောတူထားသည့် ဒီဇိုင်းplan အတိုင်းဆောင်ရွက်ရာ ထိုဒီဇိုင်း၏ အချို့အပိုင်းများက ဆောက်လုပ်ဖို့ရာအဆင်မပြေဖြစ်သည်ဟု ဆောက်လုပ်ရေးတာဝန်ခံအဖွဲ့မှ ပြောလာသည်မို့ ဒီဇိုင်းပိုင်းနှင့် site အပိုင်းလိုအပ်သည်များကိုစစ်ဆေးရတော့မည်ဖြစ်သည်။

၎င်းsiteသို့ရောက်သည်နှင့် နိုအာ ရုံးမှယူလာခဲ့သည့် ဒီဇိုင်း plan တို့ကို ဖရက်ဒီအား ပေးလေသည်။ ထို့နောက် surveyor materialများနှင့် တွန်နီနှင့် ချာလီက မြေဧရိယာအား ပြန်လည်တိုင်းတာစစ်ဆေးကြ၏။ ဖရက်ဒီက surveyorခေါင်းဆောင်ဖြစ်သည့်အလျောက် ပြန်လည်တိုင်းတာစစ်ဆေးမှုရလဒ်အားမှတ်သားလေသည်။ ဖရက်ဒီတို့အုပ်စုကမြေတိုင်းပြီးနောက် ဆောက်လုပ်ရေးတာဝန်ခံတို့နှင့် မေးမြန်းညှိနှိုင်းကြလေသည်။ နိုအာတစ်ယောက်ကတော့ စာအုပ်ထဲ မှတ်သင့်သည်များကိုရေးမှတ်လျက် ဖရက်ဒီတို့နှင့် ဆောက်လုပ်ရေးတာဝန်ခံတို့ဆွေးနွေးညှိနိူင်းကြသည်ကို ဂရုတစိုက်နားထောင်လေ၏။

ဤသို့ဖြင့် ၎င်းsite၌ ၃နာရီကျော်ကြာအောင် အလုပ်ရူပ်နေခဲ့ကြသည်မှာ ညနေ၅နာရီကျော်သည်အထိပင်ဖြစ်လေသည်။

"ပင်ပန်းလိုက်တာကွာ''

ပထမဆုံး ငြီးတွားသူက ချာလီပင်၊ သူ၏ခါးအား လက်သီးဖြင့်ထုရိုက်ပြီး တကြွပ်ကြွပ်မြည်အောင် အကြောဆန့်လေသည်။ ချာလီအား မျက်လုံးမှေး၍ကြည့်နေသူ တွန်နီက လှမ်းနောက်လေသည်။

"ဟေး ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းခါးကမကောင်းတော့ဘူးလား..ဟမ်..စကီလေးနဲ့ နေ့တိုင်းဝုန်းမနေနဲ့''

"င*လူး တွန်နီ၊ အလုပ်လုပ်လို့ညောင်းတာကွ၊ ဝုန်းလို့မဟုတ်ဘူး၊ အဲ့စကားက ဖရက်ဒီ့ကိုပြောရမှာ..ကျစ်..ကျစ်''

ဖရက်ဒီက ခါးကိုလက်ထောက်၍ ခပ်မတ်မတ်ရပ်ပြလျက် သန်မာကြောင်း ကြွားလေသည်။

ARE YOU 18? [COMPLETED]Where stories live. Discover now