10.မဲဘုန်းလ်သွားရင်း ကွေးလာပြီလား

741 51 0
                                    

Unicode

နိုအာနှင့်ဂျွန် မဲဘုန်းလ်မြို့မှာ ၅ရက်ကြာနေပြီးနောက် မြို့တော်ဆစ်ဒနီသို့ပြန်လာခဲ့ကြသည်။ အပြန်တလျောက် ဂျွန်၏ဘီအမ်ဒဗျူကားအဖြူလေးနှင့်သာ ဂျွန်၉နာရီကြာအောင်ကားမောင်း၍ နိုအာကဘေးဘက်ခုံမှ အိပ်တချက်၊ နိုးတချက်ဖြင့်လိုက်ပါလာခဲ့ပေသည်။ နှစ်ဦးသား ဆစ်ဒနီမြို့သို့ တနလ်ာနေ့မနက်ပိုင်း ပြန်ရောက်လာခဲ့လေသည်။ ဂျွန်က ခရီးပန်းမည်စိုး၍ နိုအာ့အား တနလ်ာနေ့အတွက် ခွင့်တစ်ရက်ပေးကာနားစေသည်။ နိုအာလည်း တညလုံးနီးပါး ကားစီးလာရသည်မို့အတော်ပင် ညောင်းညာနေသည့်အတွက် ထိုခွင့်တစ်ရက်အား မငြင်းတော့ဘဲလိုလိုလားလား လက်ခံလိုက်လေသည်။

အဆောင်သို့ ပြန်ရောက်သည့်အခါ နိုအာ ကျောပိုးအိတ်အား ကုတင်ဘေး၌ ပစ်ချကာ အိပ်ယာထက်လှဲလျောင်းလိုက်သည်။ ခဏအကြာ အီသန်ဆီမှ ဖုန်းဝင်လာသည်မို့ အိပ်ယာမှထထိုင်ကာ ဖုန်းကိုင်လိုက်သည်။

"ဟေး အီသန်''

"နိုအာ...မင်းဆစ်ဒနီကိုပြန်ရောက်ပြီလား''

"ရောက်ပြီ အခုလေးတင်..ငါအဆောင်မှာ ရှိတယ်..မင်းလာမယ်ပြောထားတာ ဒီနေ့လည်ငါ့ဆီလာခဲ့''

"အိုကေလေ မင်းငါ့အတွက် လက်ဆောင်ဝယ်ခဲ့တယ်ဆို ဘာလဲငါသိချင်နေပြီ''

"ဟေးအီသန် ငါပိုက်ဆံမရှိတာမင်းသိတယ်မဟုတ်လား..မျှော်လင့်ချက်ကြီးကြီးမထားတာကောင်းတယ်ကွ''

"ငလူး..ကပ်စီးနှဲ..မင်းငါ့အတွက်စေတနာမရှိဘူးလား''

"ငါလစာမထုတ်ရသေးဘူးလေကွာ..ရှိတာချွေတာသုံးနေရတာ..လကုန်မှ မုန့်ဝယ်ကျွေးမယ်လေ..ပီဇာလေးဘာလေးပေါ့..ဟဲဟဲ''

"တော်ပြီ..တော်ပြီ ငါမင်းဆီလာပြီး လည်ပင်းညစ်သတ်ဦးမယ် စောင့်နေ''

အီသန်နှင့် ဖုန်းပြောပြီးနောက် ကုတင်မှာဆက်၍လှဲမနေချင်တော့သည်မို့ နိုအာ သူ့ကျောပိုးအိတ်အားဇစ်ဖွင့်ကာ ပစ္စည်းများထုတ်သည်။ ပထမဆုံးတွေ့လိုက်ရသည်က လက်နှစ်ထွာခန့်ရှိသော သိုးမွှေးမြေခွေးနီအရုပ်ကလေးထည့်ထားသော စက္ကူအိတ်ဖြစ်လေသည်။ ထိုအိတ်ကလေးထဲမှ အရုပ်လေးအားထုတ်ကာ သူ၏ခေါင်းအုံးဘေးနား၌ နေရာချပေးလိုက်သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now