16.Savior and Spaghetti

710 51 0
                                    


Unicode

အခုရက်ပိုင်းအတွင်း ဂျွန်၏အပြုအမူများကြောင့် နိုအာ၏မသိစိတ်ကလူံ့ဆော်လာသကဲ့သို့ ဂျွန့်အား မသိမသာရှောင်တိမ်းမိလေသည်။

နိုအာ ဂျွန်နှင့်အတူနေ့လည်စာမစားဘဲ ကက်သရင်းနှင့်သာ အတူနေ့လည်စာလိုက်စား၏။ ဂျွန်နှင့်စကားပြောသည့်အခါတွင်လည်း   ဂျွန်၏ပရင်းရောင်မျက်လုံးများအား ၅စက္ကန့်ထက်ပို၍မကြည့်ပေ။ ဂျွန့်ထံမှ ဖိုင်များပေးသည့်အခါ သို့တည်းမဟုတ် နိုအာ၏ ထိုင်ခုံအနောက်မှ ကွန်ပျူတာစခရင်အားကြည့်ကာ ညွှန်ပြသည့်အခါမျိုးတို့တွင် နိုအာတစ်ယောက် ဂျွန်၏လက်ချောင်းများ၊ လက်မောင်းများနှင့် မထိကပ်မိစေရန်ပင် အထူးဂရုစိုက်လေသည်။

ဂျွန်နှင့်အတူအစည်းအဝေးသို့သွားတက်ရသည့်အခါတွင်လည်း နိုအာတစ်ပေလေါက်ခွာ၍သာလိုက်၏။ ရုံးဆင်းချိန်၌လည်း ဂျွန်၏ 'ကိုယ်လိုက်ပို့ပေးမယ်'ဟူသောစကားကိုပင်မစောင့်တော့ဘဲ 'ကျွန်တော်အရင်ပြန်နှင့်ပါ့မယ် သူငယ်ချင်းစောင့်နေလို့'ဟူ၍ချေပလေ၏။ နိုအာ့စိတ်ထဲ သူဒီလိုတွေရှောင်ဖယ်နေတာ ဒါရိုက်တာဂျွန် မသိလောက်ပါဘူးနော် ဟုသာတွေး၍ စိတ်သက်သာရာကြံလေတော့သည်။

နိုအာ၏ တမင်သက်သက်ရှောင်ဖယ်နေမူအား ဂျွန်တစ်ယောက်ပြုံးလျက်သာကြည့်နေလေ၏။ မသိလျှင် လုပ်ချင်တာလုပ်နေသောအရူးလေးအား စိတ်ချမ်းသာသလိုလုပ်ပါစေနှင့်ဦးဟု လွှတ်ထားသကဲ့သို့ပင်။

သည်နေ့က သောကြာနေ့ဖြစ်သည်မို့ နိုအာလုပ်လက်စအလုပ်များအား သိမ်းဆည်းပြီးသည့်နောက် ဂျွန့်အား နူတ်ဆက်ကာ ဘတ်စ်ကားဂိတ်သို့တစ်ယောက်တည်းလျှောက်လေသည်။ ကားမှတ်တိုင်၌ လူနည်းသည့်အတွက် ဆိုင်ရာဘတ်စ်ကားများလာသည့်အခါ လိုက်ပါသွားကြသည်မို့ နိုအာ့နံဘေး၌ လူများတရွေ့ရွေ့ပျောက်ကုန်ကြလေသည်။

ထုံးစံအတိုင်း နိုအာ နားထဲသို့နားကျကြပ်ထည့်၍ သီချင်းနားထောင်နေရင်းနှင့်သာ ဘတ်စ်ကားစောင့်လေသည်။ ယခင်ရက်များက ဒါရိုက်တာဂျွန်၏ ကားနှင့်သာ လိုက်ပါစီးနှင်းသည်မို့ ရုံးအပြန်ဆိုလျှင် ဘက်စ်ကားမစီးဖြစ်သည်မှာ တစ်လပင်ကျော်ခဲ့လေ၏။ အခုတော့ ဆင်ခြေဆင်လက်များကိုရှာဖွေကာ ဘက်စ်ကားစီးနေရတော့သည်မှာ ယခုသုံးလေးရက်ပင်ရှိချေ၏။

ARE YOU 18? [COMPLETED]Where stories live. Discover now