30. Is it because I'm a boy? (Extra 3) Zawgyi

217 9 0
                                    

Zawgyi

"ငါမေးစရာရှိတယ်''

"အင်း မေးလေ''

"ငါ့မေးခွန်းက ပုဂ္ဂိုလ်ရေးဆန်တယ် နိုအာ မင်းဖြေချင်မှဖြေ''

"အိုကေလေ စကားပုလင်ခံမနေနဲ့တော့ မင်းမေးချင်တာငါ့ကိုမေး၊ ဖြေလို့ရရင်ဖြေမယ်ကွာ''

နိုအာ၏ တုံ့ပြန်မှုကိုသေချာအကဲခတ်ပြီးလျှင်အီသန်ကမေးခွန်းထုတ်လေသည်။

"မင်းနဲ့ဒါရိုက်တာဂျွန်တို့ ဘယ်အဆင့်ထိရောက်ကြပြီလဲ''

နိုအာမျက်ဝန်းများပြူးကျယ်လာလျက် အီသန့်အားကြည့်လေသည်။ ထိုအကြည့်များက 'မင်းသိချင်တာကြီးကလဲ' ဟူ၍ပြောနေသယောင်။

"ချစ်သူရည်းစားလေ ဂျွန်လည်းငါ့ကိုချစ်ကြောင်းဝန်ခံထားတယ်၊ ငါလည်းဂျွန့်ကို ချစ်တယ်လေ ဒါပဲပေါ့''

"ဟာကွာ နိုအာ မင်းကလေအရိပ်ပြလို့အကောင်မထင်ဘူးနော်၊ ငါမေးချင်တာက...တဲ့ဒိုးပဲပြောတော့မယ်၊ မင်းနဲ့ဒါရိုက်တာဂျွန်တို့ အတူနေပြီးကြပြီလား၊''

".....''

"မင်းငါ့ကိုကပ်ဖဲ့မပြောနဲ့နော် အတူနေတယ်ဆိုတာ အတူအိပ်ပြီးကြပြီလားမေးတာနော်''

နိုအာကထိုမှသာ ခေါင်းလေးဘယ်ညာရမ်းပြ၏။

"ဘုရားရေ? မင်းနဲ့ဒါရိုက်တာဂျွန်က အခုတအိမ်ထဲအတူနေကြပြီး အတူမနေရသေးဘူးပေါ့၊ ဒါရိုက်တာဂျွန် က သက်သက်လွတ်ကျားကြီးပဲ''

"ဘာသက်သက်လွတ်ကျား?''

"သြော်နိုအာ မင်းတယောက်နဲ့ တယ်ခက်တာပဲ၊ အသားတုံးကြီးက ကိုယ့်မျက်စိရှေ့တင်ရှိနေတာ မစားဘဲထိုင်စောင့်နေတဲ့ကျားရှိတာ မင်းကြားဖူးလား''

နိုအာ အီသန့်အားခေါင်းရမ်းပြပြန်၏။

"အေး မင်းရဲ့ရည်းစားက အဲ့သလိုအသားမစားဘဲ အလှထိုင်ကြည့်နေတဲ့ကျားကြီးဖြစ်နေတယ်''

".....''

"..ဘာလဲ မင်းအဲ့ဒါသံသယမဝင်ဘူးလား၊ ဘယ်ချစ်သူရည်းစားက တအိမ်ထဲအတူနေကြပြီး အတူမနေဖြစ်ကြဘူးဆိုတာ...''

နိုအာမျက်ခုံးများတွန့်ချိုးလာလျက် နူတ်ခမ်းများက 'ဂ'သဏ္ဍာန်ကွေးကုန်လေသည်။

ARE YOU 18? [COMPLETED]Where stories live. Discover now