24. Wake me up!

593 43 0
                                    

Unicode

ဂျွန့်အား အရေးပေါ်ခန်းသို့ဆေးရုံတင်ရလေသည်။ ဆေးရုံသို့မရောက်မီလမ်းတလျောက် အသက်ရှူလမ်းကြောင်းပွင့်စေရန် အရေးပေါ်ကုသနည်းဖြင့်ထိန်းပြီး အောက်ဆီဂျင်ပေးကာ ဆေးရုံသို့ခေါ်ဆောင်ခဲ့ရသည်။ မာကျူရီငွေ့များရှူမိသည့်အတွက် ဓာတုအဆိပ်သင့်မှုဖြစ်သွားသည်။ အသက်ရှူလမ်းကြောင်းတလျောက် အဆိပ်ငွေ့များ၏တိုက်ခိုက်မှုကြောင့် လေပြွန်များယောင်ရမ်းသွားသည်ဟု ဆရာဝန်ပြောလေသည်။ ထိုဓာတုအဆိပ်သင့်မှုကြောင့် အရေးပေါ်ခန်းထဲသို့ ဂျွန့်အားပို့လိုက်ရ၏။

နိုအာ ခြေလက်များတုန်ယင်လျက်  Emergency Operation ဆိုင်းဘုတ်အားကြည့်နေမိသည်။ နာရီဝက်မျှအကြာတွင် မစ်စတာတက်ဒီ နှင့် မစ်ကက်သရင်းတို့ဆေးရုံသို့ရောက်ရှိလာသည်။

တက်ဒီက Operation အခန်းဘက်သို့ကြည့်ပြီး နိုအာ့အားစကားပြောရန် မနီးမဝေးရှိ ကော်ရစ်ဒါဘက်သို့ခေါ်လာသည်။

"ဆိုပါဦး..ဂျွန်က မင်းကြောင့် သိုလှောင်ရုံထဲကို ဝင်သွားတာဆို?''

နိုအာ မစ်စတာတက်ဒီအား ကြောက်မိသည်။ အင်တာဗျူးဖြေစဥ်ကတည်းက အလုပ်လုပ်နေစဥ်တလျောက်လုံး တက်ဒီ၏ ပြောဆိုဆက်ဆံပုံမှာ ဒေါသကြီးသောစီးပွားရေးသမားတစ်ယောက်ပုံစံဖြစ်သည်။ ရုံးရှိလူများက မစ်စတာတက်ဒီထက် ဒါရိုက်တာဂျွန်ကပို၍ စည်းကမ်းတင်းကျပ်သည်ဟုဆိုကြသော်လည်း နိုအာ့အတွက်မူ ဂျွန်က သဘောအကောင်းဆုံး စိတ်အရှည်ဆုံးသူဖြစ်လေသည်။ ဂျွန်က သူ့အားသဘောကျသော်လည်း မစ်စတာတက်ဒီက အင်တာဗျူးသည့်နောက်ပိုင်းမှစ၍ သူ့အားသဘောမကျဖြစ်နေသည်ဟု နိုအာတွေးမိသည်။

ယခုမစ်စတာတက်ဒီ၏ ဒေါသထွက်နေသည့်အမူအရာတို့က နိုအာ့အား စိတ်ဓာတ်ကျစေ၏။ အခုနိုအာ သူ(တက်ဒီ)၏သူငယ်ချင်းဖြစ်သူကို အန္တရယ်ဖြစ်အောင်လုပ်မိသူမဟုတ်ပါလား။ နိုအာအသက်ဝဝရှူသွင်းလိုက်ပြီး မစ်စတာတက်ဒီ ၏ခက်ထန်သည့်မျက်လုံးများကိုစိုက်ကြည့်၍စကားဆိုလေသည်။

"ကျွန်တော့်ကြောင့်.. ဂျွန်အဲ့လိုဖြစ်အောင်လုပ်မိတာ ကျွန်တော့်အမှားပါ''

ARE YOU 18? [COMPLETED]Where stories live. Discover now