27. I'll be there for you. (Final)

663 44 0
                                    

Unicode
.
.
.

ဂျွန်ဆေးရုံ၌တပတ်ကြာတက်ပြီးနောက် အလုပ်ပြန်ဝင်သည်။ နိုအာကလည်းဂျွန့်လက်ထောက်ဖြစ်သည်မို့ ဂျွန်နှင့်အတူအလုပ်ပြန်ဝင်လေသည်။ ဂျွန်နှင့် နိုအာတို့ဆင်ခြေဖုံးစီမံကိန်း၌ကြုံခဲ့ရသည့်မီးလောင်မှုအကြောင်းကတရုံးသိထားကြသည့်အတွက် ရုံးမှဝန်ထမ်းများလာရောက်မေးမြန်းကြ၏။

နိုအာ ဂျွန်နှင့်အတူအလုပ်လုပ်နေရသည်ကိုပျော်ရွှင်နေသလိုတဖက်၌လည်းဝမ်းနည်းနေပြန်၏။

'ဒီအပတ်ပြီးဆုံးပါက သူကျောင်းပြန်တက်ရတော့မည်လေ'

"ဂျွန်''

ဂျွန့်အလုပ်စားပွဲဝိုင်းရှေ့၌ နိုအာမတ်တပ်ရပ်လျက် ဖိုင်စစ်နေသည့်ဂျွန့်အားနာမည်ခေါ်လိုက်လေသည်။

"အင်း...ပြောလေ၊ မင်းလေးဘာပြောချင်လို့လဲ အလုပ်ချိန်မှာ လာချွဲနေတယ်''

နိုအာအလိုမကျဟန်ဖြင့် မိမိ လက်ချောင်းများကိုဆိတ်စွနေသည်။ ပုံမှန်အားဖြင့် အလုပ်ချိန်အတွင်း၌သာဂျွန့်အား ဒါရိုက်တာဂျွန်ဟုသာခေါ်လေ့ရှိပြီး နေ့လည်ထမင်းစားချိန်၊ တခြားသူများအနားမှာမရှိချိန်၌ ဂျွန်ဟုအဖျားစွတ်၍ တရင်းတနှီးခေါ်လေ့ရှိ၏။

"ဂျွန် ကျွန်တော်ကျောင်းပြန်တက်ရရင် ခင်ဗျားကျွန်တော့နေရာမှာတခြားသူကိုခေါ်ထားမှာလား''

ဂျွန်ကြည့်လက်စကွန်တာပျူတာစခရင်မှခွာ၍ ရှေ့တည့်တည့်က နိုအာ့အားကြည့်လာသည်။

"ဘာတွေစိုးရိမ်နေတာလဲ၊ ဒီနားလာခဲ့''

ဂျွန်ကသူ့ထိုင်ခုံလက်ရန်းအားပုတ်၍အချက်ပြလေသည်။ နိုအာလည်းဂျွန့်ထိုင်ခုံအနားသို့သွား၏။ ပြီးနောက်ဂျွန်ကနိုအာ့လက်မှတကိုယ်လုံးကိုဆွဲချ၍သူ့ပေါင်ပေါ်၌ထိုင်စေ၏။

"အိုး... နိုး..ဂျွန်''

"ချွဲတုန်းကလာချွဲနေပြီးအခုမှဘာတွေကြောက်နေရတာလဲ''....ဟုဆိုရင်း နိုအာ့ပါးပြင်လေးအားချိုင့်ဝင်သွားအောင်ဂျွန်နမ်းရှူံ့လိုက်၏။

"ဂျွန်..''

"ဘာတွေပြောချင်နေတာလဲ၊ မင်းလေးက...ပြွတ်စ်''

ARE YOU 18? [COMPLETED]Wo Geschichten leben. Entdecke jetzt