7. မင်း သူနဲ့ ဝေးဝေးနေ

870 53 0
                                    

Unicode

ရေချိုးခန်းမှ ထွက်လာသည့် နိုအာသည် ရင်ဘတ်ထက်၌ ဝက်ဝံရုပ်စတေကာခပ်ကြီးကြီးတစ်ခုပါရှိသော မိုးပြာရောင် ညအိပ်ဝမ်းစက်လေးနှင့်အတူ ရေစိုရွှဲနေသော ဆံပင်လေးများက နှဖူးအထက်၌ ခပ်အုပ်အုပ်ကြနေလေသည်ကို ဂျွန် တွေ့လိုက်ရလေသည်။

ပုံမှန် ရုံးသို့လာတိုင်း ရှပ်အက်ျီနှင့် စတိုင်ပန့်သာ လူကြီးဆန်အောင် ဝတ်ဆင်ထားသော နိုအာမှာ ပျိုမြစ်လွန်းသည်မို့ ထိုအဝတ်အစားတို့က နိုအာ ၏ငယ်ရွယ်မှုအား ဖုံးကွယ်မထားနိုင်ချေ။ ယခုအခါ ညအိပ်ဝတ်စုံလေးနှင့် နိုအာ့အား တွေ့လိုက်ရသည့်အခါ ဂျွန် တစ်ယောက် သူ့ရဲ့ တူမလေး တီနာ ကိုပင် သတိရမိသွားသည်။ ငါးနှစ်အရွယ် တီနာ ကလည်း ထိုကဲ့သို့ အရုပ်စတေကာပါသော ညအိပ်ဝမ်းစက်လေးများ ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်သည်လေ။

နိုအာ ရေချိုးခန်းမှ ထွက်ထွက်ချင်း သူ့အား ကြည့်နေသည့်  ဂျွန်၏  မျက်လုံးများနှင့် ဆုံမိလေသည်။စက္ကန့်ပိုင်းမျှကြာရှည်သော အကြည့်များကြောင့် နိုအာ အနေရခက်စွာပင် ခေါင်းလေးငုံ့လျက် လက်ထဲက ပုဝါဖြင့် ခေါင်းအား သုံးလေးချက်လောက် ခပ်ပြင်းပြင်းပွတ်သပ်လိုက်သည်။ ထို့နောက် ကုတင်အစွန်းနား၌ထိုင်ကာ ကျော်ပိုးအိတ်ထဲမှ ဖုန်းအားထုတ်ကြည့်လေသည်။ တဖက်မှအခန်းတွင်းစီး ဖိနပ်သံ တရှပ်ရှပ်ကြားမိသော်လည်း နိုအာ နောက်သို့ လှည့်မကြည့်ချေ။

"မင်း ဆံပင်တွေ ခြောက်အောင်သေချာမလုပ်ရင် အအေးမိမယ်''

ထိုစကားသံနှင့်အတူ နိုအာ့ခေါင်းအထက်သို့ ဂျွန်၏ လက်ဖဝါးများက ပုဝါကိုယူကာ နိုအာ့ဆံပင်များကို ညင်သာစွာ သုတ်ပေးလေသည်။ ဒါရိုက်တာ ဂျွန်၏ ထူးဆန်းသည့် အပြုအမူများကြောင့် နိုအာ အနည်းငယ်အနေရခက်စွာပင် ခန္ဓာကိုယ်ကို တောင့်ထားမိလေသည်။ နိုအာတစ်ယောက် အောက်နူတ်ခမ်းအား အသာကိုက်ထားပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်၍သာ နေသည်။ ဂျွန်မှ နိုအာ့ဆံပင်များအား ပုဝါ ဖြင့် မိနစ်အနည်းငယ်အကြာသည်အထိ သေချာ သုတ်ပေးသည်။

"ရပြီ နွေးနွေး ထွေးထွေး အိပ်တော့ ကိုယ်တို့တွေ မနက်ကျ site ထဲ စောစောသွားကြမယ်''

ARE YOU 18? [COMPLETED]Where stories live. Discover now