3.မင်း အသက်ရောပြည့်ရဲ့လား(Unicode)

1.2K 69 1
                                    


💤💤💤💤.....🎶🎶🎶

နံနက် ၇နာရီထိုး၌ အိပ်ယာဘေးရှိ စားပွဲပေါ်က Alarm တရဆက် မြည်လာကာမှ နိုအာ အိပ်ယာမှ နိူးလေသည်။ နိုအာ ပထမဆုံး ခေါင်းထဲ၌ပေါ်လာသည့်အတွေးက 'ငါ ဒီနေ့ ရုံးစတက်ရတော့မယ် အချိန်မီသွားမှပဲ' ဆိုတာသာဖြစ်သည်။ ပုံမှန်ရုံးတက်ရုံးဆင်းလုပ်ရမည်မှာ နိုအာအတွက် ပထမဆုံးအကြိမ်ဟု ဆိုရပေမည်။

နိုအာ အိပ်ယာမှထကာ ရေချိုးခန်းထဲသို့ အပြေးဝင်လျက် ရေချိုးသန့်စင်သည်။ ပြီးနောက် ရေခဲသေတ္တာထဲရှိ နို့ဘူးအား ပေါင်းအိုးထဲသွန်ထည့်ပြီး အပူပေးလိုက်သည်။ လွန်ခဲ့သည့် ၂ ရက်က ဝယ်ယူခဲ့သော ပေါင်မုန့်အိတ်အားဖွင့်ပြီး အနံ့ခံလိုက်ပြန်သည်။ စားလို့ရသေးသည်ထင်သောကြောင့် ထိုပေါင်မုန့်အိတ်အား စားပွဲပေါ်သို့ နို့ပူပူလေးတစ်ခွက်နှင့်အတူ တင်ထားလိုက်သည်။

ထိုနွားနို့နှင့် ပေါင်မုန့်အား နိုအာစားချင်နေသော်လည်း မကြာသေးခင်က ရေချိုးခန်းထဲမှထွက်လာခဲ့ပြီး ခန္ဓာကိုယ် အောက်ပိုင်းသာ သဘက်ပတ်ထားရသေးသည်ကို နိုအာ သတိရမိသွားသည်။ သို့မှ ကမန်းကတန်း ဘီဒိုတံခါးဖွင့်၍ အသစ်လွင်ဆုံးသော ရှပ်အက်ျီ ၂ ထည်ထဲမှ ခရမ်းရောင်နုနုလေးအားရွေးလိုက်သည်။ ဘောင်းဘီအတွက် ကျောင်းသွားတိုင်း ဝတ်လေ့မရှိသည့် စတိုင်ပန့်အနက်ရောင်လေးအား အနီရောင်အောက်ခံဘောင်းဘီအထက် ဝတ်ဆင်လိုက်လေသည်။
.
.
နိုအာ Dream Island သို့ရောက်သည့်အခါ အချိန်မှာ ၈နာရီ ၄၀ သာရှိသေးသည်။ နိုအာ ရုံးထဲသို့ ဝင်လာသည်နှင့် တွေ့လိုက်ရသူက မနေ့က ရွှေရောင်ဆံပင်နှင့် အော်စီသူမမ ဖြစ်လေသည်။ သူမကတော့ ပြုံးနေလျက် နိုအားအားဝင်လာကတည်းက ကြည့်နေလေသည်။

"ဟလို...နိုခဲလေး...အလုပ်စလုပ်ရပြီပေါ့''

နိုအာလည်း သူမအား ပြုံးပြ၍ နူတ်ဆက်လေသည်။

"ဟုတ်.. ကျွန်တော့်ကို မစ်စတာတက်ဒီ က ဒီနေ့စဆင်းဖို့ ပြောထားတယ်''

"မင်းအလုပ်ရသွားတာ ဝမ်းသာလိုက်တာ...ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက်ကလေးတွေ ဒီရုံးမှာ မမြင်ရတာအတော်ကြာပြီလေ''

ARE YOU 18? [COMPLETED]Where stories live. Discover now