13. First Kiss ခိုးယူခံရခြင်း(1)

789 53 0
                                    

Unicode


"နိုအာ..ကက်သရင်းနဲ့ဆိုင်ကို အတူသွားလိုက် ကိုယ်ကဘုတ်အဖွဲ့ဝင်တွေကို ခေါ်ပြီးမှဆိုင်ကိုလာခဲ့မယ်''

"ဟုတ် ကျွန်တော်မစ်စ်ကက်သရင်းနဲ့သွားလိုက်ပါ့မယ်''

ဂျွန်အလုပ်ရူပ်နေသည့်ကြားက နိုအာအား ဂရုတစိုက်မှာကြားသေး၏

"ညစာစားပွဲက ညဉ့်နက်မှပြီးမှ အပြန်တစ်ယောက်တည်းမပြန်နဲ့ အန္တရယ်များတယ် ကက်သရင်းနဲ့မင်းကို ကိုယ်လိုက်ပို့ပေးမယ် ကိုယ့်ကိုစောင့်နေ ဟုတ်ပြီလား''

နိုအာခေါင်းလေးတညိတ်ညိတ်နှင့်သဘောတူကြောင်းပြလေသည်။

တရုံးလုံးအစည်းအဝေးပွဲပြီးသည့်အခါတိုင်း ညနေရုံးဆင်းချိန်၌ သူဌေးအော်စတင်နှင့် အကြီးအကဲများက ညစာစားပွဲလုပ်ပေးလေ့ရှိ​ေလ့သည်။ ထိုညစာစားပွဲကို ကုမ္ပဏီနှင့် မနီးမဝေးရှိ Paul'Kitchen ဆိုင်ကြီး၌ဝန်ထမ်းများစုဝေးလာကြရန်သတ်မှတ်ကြသည်။ Dream Island၌ဝန်ထမ်းအယောက် ၇၀ ကျော်ရှိသည်မို့ ဆိုင်၌အပြည့်ဖြစ်နေမည်ပင်။

စားသောက်ဆိုင်သို့ နိုအာ ကက်သရင်း နှင့် အတူသွားသည်။ နိုအာတို့ရောက်လာချိန်တွင် ဆိုင်ထဲ၌ ဘုတ်အဖွဲ့ဝင်များမှလွဲ၍ ဌာနရှိလူစုံအတော်များများရောက်နှင့်လေပြီဖြစ်၏။ နိုအာနှင့်ကက်သရင်းက ခုံလွတ်နေသော မားကတ်ကင်းအဖွဲ၏စားပွဲဝိုင်း၌သာထိုင်လိုက်ကြသည်။

"ဟေ့..နိုအာ''

မနက်ကအစည်းအဝေးခန်းထဲ၌နိုအာနှင့် ဘေးချင်းကပ်ထိုင်ခဲ့သော မားကတ်တင်းအဖွဲ့မှ အလုပ်သင်ဝန်ထမ်းကောင်မလေးနာအိုမီဖြစ်သည်။

"အစောကြီး ရောက်နေကြတာလား''

"ဟုတ်တယ် မားကတ်တင်းကဒီကိုဦးဆုံးရောက်လာတာ ငါတော့စိတ်လူပ်ရှားနေတယ် ပထမဆုံးအလုပ်က Dinner ဆိုတော့ နိုအာရော?''

နိုအာစားပွဲပေါ်ရှိ ရေဘူးအားဖွင့်ကာ ဖန်ခွက်ထဲထည့်ကာမော့သောက်လိုက်သည်။ နာအိုမီ၏စကားကြားရတော့ နိုအာပြုံးမိသည်။ နိုအာက အချိန်ပိုင်းအလုပ်များလုပ်ခဲ့ဖူးသည်မို့ညစာစားပွဲများနှင့်မစိမ်းပေ။ လူစုလူဝေးများနှင့်ယှဥ်တွဲလုပ်ကိုင်ရသည်ကိုလည်းမကြောက်ရွံ့ပေ။

ARE YOU 18? [COMPLETED]Where stories live. Discover now