4. အရသာရှိတဲ့နေ့လည်စာ ရှင်းတမ်း (Unicode)

1K 72 0
                                    


နိုအာ၏ ပထမဆုံး အလုပ်တက်ရက်ကတော့ သူ့အတွက် တမူထူးခြားလေသည်။ ဘာဂါဆိုင်၌ အလုပ်လုပ်စဥ်က ပေါင်မုန့်များ၊ အသားပြားများကိုကင်ရခဲ့သည်။ အသီးအရွက်များလှီးခဲ့ရသည်။ ဆော့ပုလင်းများထဲသို့ ဆော့များဖြည့်ခဲ့ရသည်။ တခါတလေ အအေးဖျော်ရာ၌လည်း ကူညီ၍လုပ်ရသေးသည်။ သို့သော် ဤအလုပ်၌မူ စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုများနှင့် ထိစပ်ရမည်ဖြစ်သောကြောင့် နိုအာပျော်နေမိသည်။

တမနက်ခင်းလုံး ဒါရိုက်တာဂျွန် ပေးထားသော ဖိုင်များကို စတင်လေ့လာသည်။ ဒါရိုက်တာဂျွန် မှ လှမ်းခေါ်လျှင် အနားသို့သွား၍ သူ(ဂျွန်)ရှင်းပြသည့် ကွန်ပျူတာစခရင်ပေါ်က အကြောင်းအရာများကို ကြည့်သည်။ ဖိုင်တချို့အား မိတ္တူကူးပေးရသည်။

ဒါရိုက်တာဂျွန် မှ စကားပြောပြီးသည့်အခါတိုင်း နားလည်လားဟုဆိုကာ နိုအာ၏ မျက်လုံးများကို စူးစိုက်ကြည့်သည်။
ထိုအခါ နိုအာမှ ပရင်းရောင် မျက်လုံးများကို ပြန်လည်စိုက်ကြည့်ကာ နားလည်ကြောင်း ခေါင်းငြိမ့်ပြမည်။ ဤသို့နှင့် နှစ်ယောက်သား နေလည်စာစားချိန်ရောက်သည့်တိုင် အလုပ်များဇယ်ဆက်နေတော့သည်။

"ဟေး...နိုအာ...ထ..နေ့လည်စာသွားစားကြမယ်''

ဖိုင်တွေထဲ၌သာ အာရုံစိုက်ထားသော နိုအာတစ်ယောက် ဂျွန်၏ စကားသံကြောင့် အနည်းငယ်လန့်သွား၍ မျက်ဝန်းကျယ်သွားကာ ဂျွန်အား ကြည့်လေသည်။

"အ...ကျွန်တော်..''

ပြူးကျယ်နေသောမျက်လုံးများနှင့် နားမလည်ဟန်ရှိနေသော နိုအာကြောင့် ဂျွန် 'နိုအာ သူ့စကားအား နားမလည်လိုက်ဘူးဆိုတာ' သဘောပေါက်လေသည်။ ထို့ကြောင့် ဂျွန် နောက်တစ်ကြိမ် ထပ်၍ပြောလေသည်။

"နေ့လည်စာ သွားစားကြမယ်... ထတော့... ကိုယ် နောက်တနာရီကျ အစိုးရ အစည်းအဝေးပွဲတစ်ခု တက်စရာရှိသေးတယ်''

"ဟုတ်...ဟုတ်ကဲ့...ကျွန်တော် နေ့လည်စာ သွားဝယ်ပေးရမလား ဘာလုပ်ပေးရမလဲ''

နိုအာ လက်ထဲက ဖိုင်များအား မြနမမြန်ဆန်ဆန်သိမ်းကာ ထိုင်ခုံမှထလေသည်။

ARE YOU 18? [COMPLETED]Where stories live. Discover now