28. John is a Bad Guy! (Extra 1)

312 11 2
                                    

Zawgyi

နိုအာ Dream Island ၌အလုပ်ဆင်းသည်မှာ ၃လပြည့်ခဲ့ပြီဖြစ်၏။ Internship ဆင်းရသည့်အတွေ့အကြုံများမှာ လုပ်ငန်းခွင်၏သဘောသဘာဝတို့အားသိရှိနားလည်ခဲ့ရသည့်အတွက် ဤ၃လသည်နိုအာ့အတွက်အတွေ့အကြုံကောင်းများသာဖြစ်လေ၏။ ထို့ကြောင့် ကုမ္ပဏီမှအလုပ်အတွေ့အကြုံတွေအတွက် ထောက်ခံချက်လက်မှတ်ထုတ်ပေးလါ၏။ ထောက်ခံသည့်သူကအခြားမဟုတ်၊ ဂျွန်ဖြစ်လေသည်။

နိုအာထောက်ခံချက်လက်မှတ်မှာရေးထိုးထားသော ဂျွန်၏လက်မှတ်လေးအားစူးစိုက်ကြည့်မိလေသည်။ သည်ကနေ့နိုအာရုံးတက်ရက်နောက်ဆုံးရက်ဖြစ်သည်။ နိုအာအလုပ်လုပ်နေစဉ်အတွင်း Dream Island မှလူများနှင့်လည်းခင်မင်ရင်းနှီးသွားရသည်မို့ ဤပတ်ဝန်းကျင်လေးအား နိုအာတွယ်တာမိလေသည်။  ထို့ကြောင့်နိုအာသူနှင့် ခင်မင်ရင်းနှီးသူများကိုခေါ်၍ သီးသန့်ပွဲလေးလုပ်ချင်နေသည်။ ထိုအကြောင်းကို ဂျွန့်အားပြောပြသည့်အခါ Designer အဖွဲ့ဝင်များ၊ Surveyor အဖွဲ့ဝင်တချို့နှင့် မစ်ကက်သရင်းတို့ကိုခေါ်၍ ဂျွန်ကနိုအာ့အတွက်စားသောက်ဆိုင်တစ်ဆိုင်ငှား၍ နူတ်ဆက်ပါတီလေးလုပ်စေ၏။

နိုအာလက်ပတ်နာရီကြည့်လိုက်သည့်အခါ ၄နာရီသာရှိသေးသည်။ ဂျွန်လည်းအစည်းအဝေးတစ်ခုမှ ပြန်ရောက်လာ၏။ ဂျွန် ရုံးအခန်းထဲသို့ဝင်ဝင်ချင်းပင် နိုအာ့ထိုင်ခုံနားသို့ရောက်လာ၏။ နိုအာတစ်ယောက် ကွန်ပျူတာစခရင်ပေါ်သို့သာအာရုံရောက်နေ၍ ဂျွန်အခန်းထဲသို့ဝင်လာသည့်အခါ တချက်မျှပြုံးပြ၍ လုပ်လက်စအလုပ်အားလုပ်နေလေသည်။

ဂျွန်ကိုယ်အားငုံ့ကိုင်းလျက် နိုအာ့ပုခုံးထက်၌ မေးတင်၍မှီလာ၏။

"ဂျွန်..ဘာဖြစ်လို့လဲ''

ဂျွန်သူ့ခေါင်းအားနိုအာ့လည်ပင်းနားသို့တိုးခွေ့လိုက်သည်။

"မနက်ဖန်ကျ ကလေးကိုဒီနေရာမှာကိုယ်မမြင်ရဘူးဆိုတဲ့အကြောင်း တွေးမိနေတယ်''

နိုအာသူ့အားသိုင်းဖက်ထားသည့်ဂျွန့်လက်များကိုဆုပ်ကိုင်လာလျက်လက်တစ်ဖက်ကနောက်ပြန်၍ ဂျွန့်ခေါင်းလေးအားအသာအယာထိလိုက်သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now