Part-1

11.4K 425 8
                                    

"ဟိုင်းဝေး အ​ဝေး​ပြေးလမ်းမထက်တစ်နေရာတွင်ဆိုင်ကယ်ဖြင့် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာသောကောင်လေးတစ်ဦး...."​​ကောင်​လေး၏မျက်နှာကိုသေချာစွာကြည့်
လိုက်မယ်ဆိုလျှင်နောင်တတရားများဖြင့်ပြည့်နှက်နေပြီး ယူကြုံးမရဖြစ်နေတာကို မျက်နှာမှာအတိုင်းသားတွေ့ရမည်ဖြစ်သည်။

"အား!...ငါဘာလို့..မမြင်နိုင်ခဲ့ရတာလဲ!!..."
မင်းကတော်တော် အသုံးမကျခဲ့တဲ့ကောင်ဘဲ ဝမ်ရိပေါ်...မင်းသေသင့်တယ်.. ဝမ်ရိပေါ်..မင်းသေကို​သေသင့်တယ်...

ဆိုင်ကယ်ပေါ်က​​ကောင်​လေးကဝမ်းနည်းပက်လက်ဖြင့်သူ့ဘာသာသူကျိန်ဆဲ​နေပြီး မောင်းနှင်လာတဲ့ဆိုင်ကယ်ကိုတော့ အရှိန်မလျှော့ခဲ့ပေ...

ရုတ်တရုတ်......

"ကျွီ့...........ဒုန်း........"

အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာတဲ့ ဆိုင်ကယ်လေးဟာ လမ်းတစ်ခုတွင်တော့ အရှိန်နှင့်လာတဲ့ကားတစ်စီးနှင့်တိုက်မိပြီး အဝေးကို လွှင့်ကာသွားရသည်။

ဝမ်ရိပေါ်သည်လည်း လမ်း၏ခပ်ဝေးဝေးကိုလွှင့်ထွက်သွားရကာ ကတ္တရာ လမ်းနှင့်ခေါင်းစောင့်မိပြီးသွေးတွေတစ်စိမ့်စိမ့်နှင့်အများကြီးထွက်လာရကာ အမြင်အာရုံတွေဝေဝါးလာရသည်။
ထိုအချိန်တွင် ဝမ်ရိပေါ်တွင်သေရမည်ကိုသိနေသော်လည်း ကြောက်မနေခဲ့...သူသည်​သေကိုသေသင့်သည့်ကောင်မလား...

သူကိုဂရုစိုက်မှုတွေ ,သည်းခံမှုတွေ, ​မေတ္တာစစ်​တွေနှင့်ချစ်ပေးခဲ့တဲ့ ရှောင်းကျန့်ကိုတော့ ဂရုမစိုက်မူ​တွေ နာကျင်မူတွေနဲ့ စိတ်ညစ်စရာတွေကိုသာ ပေးခဲ့မိပြီး..သူ့ကို့တကယ်မချစ်ဘဲ နောက်ကျောကိုဓါးနဲ့ထိုးဖို့ကြံစည်ကာအချိုသပ်နေတဲ့ ရှင်းရှင်းကိုတော့ အစစ်အမှန်ထင်ပြီးသူကမေတ္တာတွေထားခဲ့မိသည်။
အခုတော့ သိပ်ကိုနောင်တတွေရနေပါပြီ......
သူ့ကြောင့်နဲ့....သူရှင်းရှင်းကိုအဆုံးထိယုံကြည်မိလို့...သူချစ်ရတဲ့ သား​လေးနဲ့ အမျိုးသားကိုလည်းဆုံးရူံးခဲ့ရသည်မလား...
ဝမ်ရိပေါ်မသေခင်လေး, သူမျက်စိတွေမမှိတ်ခင်​လေးမှာနောင်တတွေယူ​ကြုံးမရစွာဖြင့်တွေးမိလိုက်သည်။
တကယ်လို့ဘုရားသခင်က သူ့ကိုဒုတိယအကြိမ်အတိတ်ကိုပြင်ဆင်ခွင့်ပေးမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ......
-
-
-
-
-
-
-
-
-
"ဝမ်ရိပေါ်တစ်ယောက်နိုးနိုးချင်း သူ့မျက်စိတွေကလည်းချက်ချင်းဖွင့်မရသလိုခေါင်းတွေကလည်း ကိုက်ခဲလို့နေပေသည်။

A chance to change the past (Complete)Tempat cerita menjadi hidup. Temukan sekarang