Part-24

2.9K 202 3
                                    

   "အချိန်ကား ညနေ3 နာရီရှိပြီ"

ရိပေါ်နှင့်ရှောင်းကျန့်တို့နှစ်ယောက် ဂေဟာကနေအိမ်ကိုပြန်လာကတည်းက ခုချိန်ထိနားကို မနားရသေးပေ..ညနေမားတို့ကော ကျန်းချန်ပါသားမွေးနေ့ကိုလာ​ကြမည်ဆိုသဖြင့် အိမ်တွင်​မွေး​နေ့အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကိုယ်စီအလုပ်ရှုပ်နေကြလေသည်။

ဝမ်ကျန့်လေးကတော့ခြံဝန်းထဲမှာ သူ့အချစ်​တော်လုံးလုံးလေးနဲ့အတူဆော့ကစားနေလေသည်။

"လုံးလုံးလေးရေ ကိုကို့ဆီပြေးလာခဲ့"

"ဝုတ်...ဝုတ်.."
ဝမ်ကျန့်လေးပြောတာကိုနားလည်သည့်အလား လုံးလုံးလေးက ပြေးလာလေသည်။

"ကို့ကို့ရဲ့လုံးလုံးလေးက လိမ်မာလိုက်တာကွာ"
ပြောပြီးဝမ်ကျန့်လေးကလုံးလုံးလေးကို ပွတ်သပ်မြူပေးကာ ဆော့နေလိုက်လေသည်။

"အယ်...လုံးလုံးလေး ဘယ်သွားတာလည်း"
ဝမ်ကျန့်လေးပွတ်သပ်ဆော့မြူပေးနေလျှက်ပင် ရုတ်တရက်လုံးလုံးလေးက ပြေးထွက်သွားလေသည်။

"ဝုတ်..ဝုတ်"
လုံးလုံးလေးပြေးနေရင်း ပြန်လှည့်ကြည့်ကာဟောင်သံပေးပြီး ခွေးလေးတွေရဲ့သဘာဝအတိုင်းမြေကြီးကိုဟိုတူးဒီတူး တူးပြလေသည်။

"ဟားးဟားး လုံးလုံးလေးကကိုကို့ကိုမြေကြီးတူးပြနေတာလား"
ဝမ်ကျန့်သဘောတကျရယ်မောလိုက်ပြီး လုံးလုံးလေးအနားကိုသွားလိုက်လေသည်။

ဝမ်ကျန့်လေး လုံးလုံးလေးအနားကိုသွားတော့ လုံးလုံးလေးကတခြားနေရာတစ်ခုကိုထပ်ပြောင်းကာ တူးပြနေပြန်လေသည်။

"လုံးလုံးလေး တော်ပြီမြေကြီးလျှောက်တူးမနေတော့နဲ့ ခြေထောက်တွေညစ်ပတ်ကုန်ပြီ"
ဝမ်ကျန့်လေးပြောလိုက်ပြီး လုံးလုံးလေးအနားကိုနောက်တစ်ကြိမ်ထက်သွားလိုက်တော့လည်း လုံးလုံးလေးက သစ်ပင်အောက်မှာရှိတဲ့ကျွန်းစားပွဲအောက်ကိုထပ်ဝင်သွားလေသည်။

"လုံးလုံးလေး ထွက်လာခဲ့ ညစ်ပတ်ကုန်ပြီ လျှောက်မဆော့တော့နဲ့"

ဝမ်ကျန့်လေးပြောပင်မဲ့လုံးလုံးလေးကစကားနားမထောင်ပဲ မြေကြီးကိုထပ်တူးနေပြန်လေသည်။

A chance to change the past (Complete)Where stories live. Discover now