Part-2

6.5K 456 17
                                    

    "...နိုးပြီလား ရိပေါ်..."

ရိပေါ်ထမင်းစားခန်းထဲဝင်ဝင်ခြင်းမှာကြားလိုက်ရတဲ့ကြည်လင်​အေး​မြတဲ့အသံအေးအေးလေးကြောင့် ခြေလှမ်းတွေရပ်တန့်သွားခဲ့သည်။

"ဒီအသံ....ဒီအသံကို ရိပေါ်တစ်သက်လုံးမကြားရတော့ဘူးထင်ခဲ့တာ.."
တကယ်တမ်းကြားလိုက်ရတော့လည်း တစ်ဆက်တည်းအတိတ်ကသူ့အဖြစ်ကိုပြန်တွေးမိရင်း သူ့ကိုယ်သူလည်းပြန်စိတ်တိုကာ ရှောင်းကျန့်ကိုလည်းအားနာလာရသည်။

"..အတိတ်မှာတုန်းကသူ့အချစ်ဦးရှင်းရှင်းအပေါ်ကိုဘဲမေတ္တာတွေထားခဲ့ကာ ရှောင်းကျန့်ကိုဆိုအမြဲတမ်းအနိုင်ယူပြီးဒုက္ခအမျိုးမျိုးတွေဘဲ ပေးခဲ့မိတာပင်.."

ပြန်တွေးတိုင်းလည်း ရှောင်းကျန့်နှင့်သားလေးဝမ်ကျန့်တို့အပေါ်အားနာစိတ်တွေဝင်လာရသည်။

"..ရိပေါ်.."

"........"

"..ရိပေါ်  ကြားရဲ့လား..ရိပေါ်"

"..ဟမ်.."

ရိပေါ်အတွေးတွေဘယ်လောက်လွန်သွားလည်းမသိလိုက် ရှောင်းကျန့်ရဲ့ခေါ်သံကိုကြားမှ သူ့စိတ်ကပစ္စုပန်ကိုပြန်ရောက်လာခဲ့သည်..

"အဟမ်း!..ဟို ကျွန်တော့်ကိုမနက်စာစားဖို့စောင့်နေတာလား ရှောင်းကျန့်..စားကြမယ်လေအဲ့တာဆို.."

..ရိပေါ်ရဲ့ကောင်းကောင်းမွန်မွန်ပြန်ဖြေနေပုံကြောင့်ဒီတစ်ခါ ကြောင်သွားရသူမှာ ရှောင်းကျန့်ဖြစ်သည်။

အရင်ကဆိုရိပေါ်မှာဒီလို မနက်စာအတူတူစားဖို့မပြောနှင့် ရှောင်းကျန့်နှင့်ကိုမျက်နှာချင်းမဆိုင်ချင်တဲ့အထိကိုမုန်းတယ်လို့ရိပေါ် ပါးစပ်ကပြောခဲ့သည်မလား...အရင်ကဆိုမင်းနဲ့ငါသုံးကာစကားရင့်ရင့်​တွေပြောပြီး ဒီနေ့မှယဥ်ယဥ်ကျေးကျေးကျွန်တော်လို့သုံးနေတဲ့ရိပေါ်ကို ရှောင်းကျန့်ကြောင်ပြီးကြည့်နေမိတယ်...

ဘာမှမပြောသေးနှင့် မနေ့ကညကတောင်ရိ​ပေါ်ရဲ့ချစ်သူရှင်းရှင်း၏မွေးနေ့ပွဲကအပြန်တောင် ​​ရှောင်းကျန့်​ကိုပြသာနာရှာကာ စကားများကြသေးသည်မလား..

A chance to change the past (Complete)Where stories live. Discover now