Part-18

2.6K 185 4
                                    

"..မြန်မာစံတော်ချိန်ညနေ5နာရီ.."
ရှင်းရှင်းတစ်ယောက် ကြယ်စင်နဲ့အတူ ဆရာ မ​နေ့ကယူလာခိုင်းတဲ့အတိုင်းဖယောင်းတိုင်အမဲ​ရောင်ကိုလက်ထဲမှာကိုင်ကာ ထိုအိမ်ရှေ့သို့တစ်ဖန်ပြန်ရောက်လာခဲ့လေသည်။

"ဝင်ကြရအောင် ကြယ်စင်"

"နင်တကယ်စိတ်ဆုံးဖြတ်ပြီးပြီပေါ့ ရှင်းရှင်း"

"ဟုတ်တယ် ငါသေချာဆုံးဖြတ်ပြီးပြီ ငါ့လုပ်ရက်ကမှားနေပါစေအုံး ငါဒီလမ်းကိုဘဲဆက်ရွေးမှာ ငါ့ဘက်မှာဘာမှမကျန်တော့ဘူးကြယ်စင်"

"အင်း..နင်ကစိတ်ဆုံးဖြတ်ထားတော့လည်း ငါမတားတော့ပါဘူး ဒါပင်မဲ့သတိတော့ထားနော်ရှင်းရှင်း ငါနင့်ကိုစိတ်ပူတယ်"

"အင်းပါငါနားလည်ပါတယ်..အရမ်းလည်းစိတ်မပူပါနဲ့ ငါတို့ဝင်ကြရအောင်"

ဒီလိုနှင့်သူတို့သူငယ်ချင်းနှစ်ယောက် ထိုအိမ်ထဲသို့တစ်ဖန်ပြန်ဝင်ကြလေသည်။
သူတို့အိမ်ထဲကိုဝင်တော့လည်း မနေ့ကအတိုင်းဘဲ တစ်အိမ်လုံးမှာရှိတဲ့ပြတင်းပေါက်တွေတံခါးပေါက်တွေကို ပိတ်ထားကာဆီမီးခွက်တွေကို ဖိနပ်ချွတ်စင်ကစလို့ အထဲအထိထွန်းထားလေသည်။
သူတို့လည်း မနေ့ကဆရာနဲ့တွေ့ခဲ့တဲ့အခန်းကိုဘဲပြန်သွားကြည့်တော့ ဆရာကအခန်းထဲမှာ မနေ့ကအတိုင်းသူတို့ကိုကျောပေးကာထိုင်နေလေသည်။

"ရောက်လာကြပြီလား"
ဆရာဆိုသူက နောက်ကျောပေးထားလျက်ပင်သူတို့ကိုမေးလာလေသည်။

"ဟုတ်ကဲ့ ရောက်ပါပြီဆရာ"
ရှင်းရှင်းပြောရင်း ကြယ်စင်နဲ့အတူ ခင်းထားတဲ့ဖျာပေါ်မှာဝင်ထိုင်လိုက်လေသည်။

"မှာထားတဲ့ဖယောင်းတိုင်ပါခဲ့လား"
ဆရာက ကျောပေးထားရာကနေ သူတို့ဖက်ကိုမျက်နှာချင်းဆိုင်လှည့်လာပြီးမေးလေသည်။

"ဟုတ်ကဲ့ ပါပါတယ်ဆရာ ကျွန်မကိုယ်တိုင်ဝယ်လာတာပါ"

"ကောင်းတယ် ဒါဆိုအစီအရင်စကြတာပေါ့"
အစီအရင်မစခင် မင်းကိုရွေးချယ်စရာနှစ်ခုပေးမယ် မင်းဖြစ်စေချင်တဲ့ပုံစံကိုရွေးပါ ပြီးရင်အဲဲဒီအတိုင်းလုပ်ကြတာပေါ့...
(1)ရှောင်းကျန့်ဆိုတဲ့ကောင်လေးကို သူ့စိတ်ကိုထွေသွားအောင်လုပ်ပြီး သူ့အိမ်ထောင်ရေးကိုပြိုကွဲစေချင်လား

A chance to change the past (Complete)Where stories live. Discover now