Part-19

2.6K 199 6
                                    

    ဒီနေ့ဟာဆိုရင်ရှင်းရှင်းရဲ့ အင်မတန်မှယုတ်မာတဲ့အကြံအစည်ကိုလက်တွေ့အကောင်အထည်ဖော်မည့်နေ့သို့ရောက်လာပြီဖြစ်သည်။ သူသိပ်ကိုလည်းစိတ်လှုပ်ရှားနေမိလေသည်။

"ငါအစီအစဥ်​တွေအကုန်ဆွဲပြီးသွားပြီ ကြယ်စင် အောင်မြင်အောင်လုပ်ဖို့ဘဲ လိုတော့တယ်"

" အင်းပါ နင့်ဘက်ကရောဘယ်လိုလည်းအဆင်သင့်ဖြစ်ပြီလား"

"ငါ့ဘက်ကလုံးဝအဆင့်သင်ဖြစ်နေပြီ အစီအစဥ်စဖို့ဘဲကျန်တယ်"
ဒါဆိုငါဖုန်းခဏချလိုက်အုံးမယ် ကြယ်စင်..အစီအစဥ်ချဖို့လုပ်ရတော့မယ်ငါအချိန်ထပ်မဆွဲချင်တော့ဘူး...အခုနင့်ကိုလှမ်း​ပြီးအကြောင်းကြားတာ...

"အေး အေးဟုတ်ပြီသတိထားလုပ်နော် ရှင်းရှင်း "

"စိတ်ချ စိတ်ချ"

ရှင်းရှင်းကြယ်စင်နှင့်စကားပြောကာ ဖုန်းချပြီးတာနဲ့အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ကြံစည်လေတော့သည်။

သူစုံစမ်းခိုင်းထားတဲ့သတင်းတွေရယ် ကြားရတဲ့သတင်းတွေအရ​တော့ ကိုကိုကအလုပ်သွားရပြီး ရှောင်းကျန့်သားကလည်းကျောင်းသွားရသောကြောင့် အ​မြဲအိမ်မှာကျန်ခဲ့သူမှာရှောင်းကျန့်တစ်ယောက်ထဲသာဖြစ်လေသည်။
ရှင်းရှင်းမသိလိုက်သည့်အချက်တစ်ချက်က ရှောင်းကျန့်တို့အိမ်မှာဧည့်သည်ရောက်နေတာကိုပင်....

.......

"ကျွန်မ မှာထားတဲ့အတိုင်းသေချာပြောပြီး သေချာ​လေးပို့ပေးခဲ့ပါနော် မလွှဲပါစေနဲ့"

"စိတ်ချပါအမ မလွဲစေရပါဘူး ကျွန်​တော်ရှောင်းကျန့်ဆိုတဲ့သူရဲ့လက်ထဲကိုဒီကြက်သားစွပ်ပြုတ်ကို သေချာထည့်ပေးလိုက်ပါ့မယ်"

"ကောင်းပြီလေ လုံးဝမလွဲစေနဲ့နော် ဒီမှာမင်းအတွက်"
ရှင်းရှင်းပြောပြီး လက်ထဲကပိုက်ဆံသောင်းတန်ငါးရွက်ကို delivery ကောင်လေးလက်ထဲသို့ထည့်ပေးလိုက်လေသည်။

delivery ကောင်လေးခင်ဗျာမှာတော့ ဒီစွပ်ပြုတ်လေးပို့ပေးဖို့ကို ပိုက်ဆံငါးသောင်းတောင်ပေးတော့ကြောင့် ခဏတော့ကြောင်သွားခဲ့ရလေသည်။ ဒီအမမှားများပေးလားမသိ။

A chance to change the past (Complete)Where stories live. Discover now