Part-9

4.2K 253 6
                                    


"သားလေဝမ်ကျန့်က​တော့သူ့အဖွားတွေနဲ့ညစာစားပြီးကတည်းကလိုက်သွားလိုက်တာ အခုဆိုအိမ်မှာကျန်ခဲ့တာ ရိပေါ်နှင့်ရှောင်းကျန့်နှစ်​ယောက်ထဲသာဖြစ်သည်"

နှစ်​ယောက်ထဲမို့အနေခက်သောကြောင့် သားလေးသွားလိုက်တာနဲ့ရှောင်းကျန့်လည်း သူလုပ်စရာရှိတာတွေမြန်မြန်လုပ်ပြီး အခန်းထဲဝင်ဖို့ပြင်တော့သည်။

"အိပ်တော့မလို့လား...ရှောင်းကျန့်"

"အင်း..အိပ်တော့မလို့ရိပေါ် ဘာဖြစ်လို့လည်း"

"ဘာမှမဖြစ်ပါဘူး အိပ်နှင့် ကျွန်တော်ခဏနေအခန်းထဲဝင်လာခဲ့မယ် "

"ဟင်!!!!"
သားလည်းမရှိတာကို..ရိပေါ်ကဘာ..ဘာဝင်လာလုပ်မှာလည်း...

"ဟာ ရှောင်းကျန့် ကျွန်တော်ကဘာလုပ်ရမှာလည်း အိပ်ရမယ်လေ လူအိပ်ချိန်ရောက်နေပြီ"

"မင်းအခန်းမှာမင်းအိပ်လေ ရိပေါ်"

"မအိပ်ချင်ဘူး..ကျွန်တော်ကခင်ဗျားနဲ့အိပ်ချင်တာ"

"ဟင်!!"
မင်း..မင်း ကိုယ့်အခန်းမှာကိုယ်အိပ်​နော်ရိပေါ်..ငါ...ငါလည်းအိပ်ပြီ...
ပြောပြီးတာနဲ့ ရှောင်းကျန့်အခန်းထဲဝင်တံခါးပိတ်ပြီးတာနဲ့ တံခါးကိုမှီပြီးရင်ဘက်ကိုလက်နဲ့ဖိထားကာ ရင်ခုန်သံ​မြန်နေခဲ့လေသည်။

ရိပေါ်ကတော့အရှက်သည်းပြီး အခန်းထဲဝင်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရီမိလေသည်...ဒီအတိုင်းလေးတူတူအိပ်မှာကို သူ့ကိုယုတ်မာဖို့လာအိပ်မယ့်အတိုင်းဘဲ.....
ယောကျာ်းတောင်ရလို့ကလေးတစ်​ယာက်တောင်ထွက်လာပြီးပြီ.....သူကအခုထိရှက်နေတုန်း....တွေးပြီးရိပေါ်ရီမိလေသည်။





".....ကျွီ့......"
ရှောင်းကျန့်အိပ်ပျော်ခါနီးလေးမှာ အခန်းတံခါးကိုတစ်ယောက်ယောက်ဖွင့်သံကြောင့် မျက်စိဖွင့်လာခဲ့ရလေသည်။
အခန်းမှီးကမှိတ်ထားသည် မို့ လူကိုတော့သဲသဲကွဲကွဲမမြင်ရပေ......

"ခင်ဗျား အိပ်ပျော်နေပြီလား ရှောင်းကျန့်"

ရိပေါ်ရဲ့အသံကိုကြားတာနဲ့ ရှောင်းကျန့်ကအိပ်ချင်ယောင်ပြန်ဆောင်လိုက်လေသည်။
သူရိပေါ်နဲ့ခုထိကိုမျက်နှာချင်းမဆိုင်ရဲသေးပါပေ.....

A chance to change the past (Complete)Where stories live. Discover now