Part-5

5K 315 10
                                    


"ကျွန်တော်ဒီနေ့ ဒီအခန်းမှာအတူတူအိပ်မှာ ရှောင်းကျန့်"

"...ဟင်.."
ရှောင်းကျန့်တစ်ယောက် ဒီနေ့မှပြောင်းလဲနေတဲ့ရိပေါ်ရဲ့အပြုအမူတွေကိုအံံံ့သြလို့မဆုံးသေး ဒီညလည်းသူကဒီအခန်းမှာအတူတူအိပ်ဖို့လာပြောလို့နေလေသည်။

"...ရိပေါ်.. ဟို..."

" ကျွန်တော်အိပ်ချင်​နေပြီ ရှောင်းကျန့် "

ပြောပြီးတာနဲ့ရိပေါ်ကခပ်တည်တည်ဘဲ အခန်းထဲဝင်လာကာ အိပ်ယာပေါ်တက်ပြီး သားဘေးနားဝင်အိပ်လေတော့သည်။

"ရိပေါ်..မင်းဒီနေ့သားနဲ့အိပ်ချင်လို့လား..."
ရတယ်လေ အိပ်ပါ...ငါဒီနေ့ညဟိုဘက်အခန်းသွားအိပ်ပေးမယ်....
ရှောင်းကျန့်ပြောလိုက်ပြီး သားနားတစ်ချက်သွားကာ သားကိုစောင်သေချာပြန်ခြုံပေးပြီး သူကဟိုးဘက်ခန်းသွားအိပ်မည်အလုပ်......

ရုတ်တရက်..............

"အင့်!!.."
လက်တစ်ဖက်ရဲ့အိပ်ယာပေါ်ဆွဲချခြင်းကိုခံလိုက်ရကာတဆက်ထဲမှာဘဲအသံသြရှရှထွက်လာကာ.....
"ဘယ်မှသွားမအိပ်နဲ့..... ဒီမှာဘဲအတူတူအိပ်ကြမယ်"

"ဟို..အားမနာပါနဲ့ရိပေါ်ရဲ့...မင်း သားနဲ့အေးဆေးအိပ်ပါ...ငါဒီညဟိုဘက်သွားအိပ်ပေးမယ်"
ရှောင်းကျန့်စိတ်ထဲမှာထင်တာကတော့ ဒီအတိုင်းရိပေါ်ကဒီနေ့သားနဲ့နေချင်လို့သားအနားကပ်တယ်ထင်ပြီး သူကရှောင်ပေးဖို့လုပ်နေတာဖြစ်သည်။

"ကျစ်!....အိပ်ဆိုအိပ်ပါဗျာ... "
ကျွန်တော်အိပ်ချင်နေပြီရှောင်းကျန့်.....စကားမများဘဲလာအိပ်တော့....

ရှောင်းကျန့်တကယ်ကိုအိမ်မက်မက်နေတယ်လို့ခံစားနေရတာဖြစ်သည်။ ရိပေါ်ရဲ့အမိန့်ဆန်တဲ့စကားသံတွေအောက်မှာ သူရုန်းမထွက်နိုင်ခဲ့....
ရိပေါ်ပြောတဲ့အတိုင်း အိပ်ယာပေါ်လှဲချလိုက်ကာ...သားကိုအလယ်မှာထားပြီး..သူတို့နှစ်ယောက်ကသားဘေးမှာအိပ်ကြလေသည်။

ထိုညကတော့ ရှောင်းကျန့်အဖို့ ရန်ခုန်သံတွေမြန်ကာ အိပ်မပျော်နိုင်ခဲ့..... ဘေးမှာအိပ်နေကြတဲ့ သူချစ်ရတဲ့လူသားနှစ်ယောက်ကိုကြည့်ရင်းမျက်နှာမှာလည်း အပြုံးပန်းတွေဝေလို့နေခဲ့လေသည်။
-
-
-
-
-
-

A chance to change the past (Complete)Where stories live. Discover now