Part-7

4.4K 291 2
                                    

  "ဒါဘာဖြစ်နေကြတာလည်း"

အနောက်ပါးဆီကထွက်လာတဲ့ ရိပေါ်၏အသံကြောင့်ရှင်းရှင်းကရှောင်းကျန့်ဆုပ်ကိုင်ထားသည့်လက်ကိုရုန်းကာ ရိပေါ်ဆီကိုပြေးသွားလေတော့သည်။
ထို့နောက်ရိပေါ်ရဲ့လက်မောင်းကိုဖက်ရင်း သနားစရာအသံလုပ်ကာ.....

"..ကိုကို...ရှောင်းကျန့်ရှင်းရှင်းကို နာအောင်လုပ်တယ်...ဟင့်! ရှင်းရှင်း ရဲ့လက်အရမ်းနာတာဘဲကိုကိုရယ် ဟင့်.."

"ကိုကို ရှင်းရှင်းကိုလေ...ဟင့်! ရှောင်းကျန့်က..."

"မင်းပါးစပ်ကိုခဏပိတ်ထားစမ်း ရှင်းရှင်း!!"

ရိပေါ်ပြောလိုက်တဲ့စကားကြောင့်ရှင်းရှင်းတစ်ယောက်အံ့သြသွားတာအမှန်ပင် ကိုကိုကသူမကိုဘယ်တုန်းကအော်ခဲ့ဖူးလို့လည်း ရှောင်းကျန့်ဆိုတဲ့အခြောက်ကောင်အတွက်ကိုကိုကရှင်းရှင်းကိုအော်သည်တဲ့လား...ကိုကိုဘာ​တွေဖြစ်နေတာလည်း...

"ရှောင်းကျန့်ဘယ်လိုဖြစ်တာလည်း ကျွန်တော့်ကိုပြော"

"ဟို...ဟို...ဘာ... ဘာမှတော့မဟုတ်ပါဘူးရိပေါ်..ငါနဲ့ရှင်းရှင်းနားလည်မူလွဲသွားရုံပါ.."

"ကိုကိုရှင်းရှင်းကိုလေ အဲ့ကောင်ရှောင်းကျန့်က.."

"မင်းပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတယ်နော်ရှင်းရှင်း!!
ငါမင်းကိုမေးနေတာမဟုတ်ဘူး ပြီးတော့မင်းမှာယဥ်ကျေးမူမရှိဘူးလား ရှောင်းကျန့်က မင်းထက်အသက်အများကြီး ကြီးတယ် အဲ့တာကိုမင်းကအဲ့ကောင်လို့ပြောရ​​လောက်​တဲ့အထိ မင်းမှာရှိတဲ့ယဥ်ကျေးမူအဲ့​လောက်ခေါင်းပါးမယ်လို့ငါမထင်ထားဘူး"

"​ဗြဲ..အီးဟီးး ဟင့်!!..ဟီး.."
ရုတ်တရက်ရိပေါ်လက်ထဲမှာချီထားတဲ့သားက ထငိုလေသည်။ ကြည့်ရတာကလေးကရိပေါ်၏အသံကြောင့်နှင့်ပတ်ဝန်းကျင်အခြေအနေကြောင့် လန့်သွားဟန်ရှိသည်။

သားငိုသံကြားတာနှင့် ရှောင်းကျန့်ကသားဆီသွားလိုက်ကာ ရိပေါ်လက်ထဲကသားကိုလက်လွဲယူပြီးချော့မြူလေတော့သည်။

"သား..မငိုနဲ့နော်သားနော် ပါပါးရှိတယ်ဘာမှမဖြစ်ဘူး..မငိုနဲ့သား..တိတ် တိတ်.."

A chance to change the past (Complete)Where stories live. Discover now