Part-8

4.3K 275 4
                                    

"ကျွန်တော်အခုကစပြီး ခင်ဗျားကို လိုက်တော့မာရှောင်းကျန့်"

"အဲ့တာ​ကြောင့်ရှောင်းကျန့် ခင်ဗျားဘာမှထပ်မတွေးတော့နဲ့...အခုကစပြီးခင်ဗျားခေါင်းထဲမှာ ကျွန်တော်နဲ့သားလေးကိုချစ်ပေးဖို့ဘဲ​တွေးထား.."
-
-
-
-
-
-
ရှောင်းကျန့်ရဲ့ခေါင်းထဲမှာရိပေါ်ပြောခဲ့တဲ့စကားတွေကိုအထပ်ထပ်ပြန်ကြားနေရကာ သူအိမ်မက်များမက်​နေသလားလို့ကိုယ်ဘာသာကိုယ်ပြန်ဆန်းစစ်မိလေသည်။ ရိပေါ်ကသူ့ကိုလိုက်မယ်တဲ့.....
ရှင်းရှင်းနဲ့လည်းထပ်​ပြီးမပက်သက်တော့ပါဘူးလို့ရိပေါ်ပါးစပ်က​နေပြတ်ပြတ်သားသားပြောလာလေသည်။

ရှောင်းကျန့်တစ်​ယောက်ယုံရနိုးမယုံရနိုးစဥ်းစားနေမိလေသည် တကယ်လို့ရိ​ပေါ်ကရှင်းရှင်းကိုရွဲ့ချင်လို့ သူကိုလိုက်မယ်လို့ပြောတာဆိုရင် နောက်ဆုံးမှာကျန်ခဲ့​ပြီးခံစား​နေရမဲ့သူက သူဘဲမလား.... ​ရိပေါ် သူ့ကို ခုပြောနေတဲ့စကားတွေကတကယ်ဘဲရင်ထဲကလာတဲ့ခံစားချက်အစစ်အမှန်တွေ ဟုတ်လားမဟုတ်လားဆိုတဲ့အဖြေကိုတော့ရှောင်းကျန့် မျှော်လင့်မိတာအမှန်ပင်... သူကရိပေါ်ကိုအကြာကြီးချစ်လာခဲ့ရတဲ့သူမလား......

ရှောင်းကျန့်တစ်ယောက်ရိပေါ်ကို ဘာပြန်ပြောလို့ပြန်ပြောရမှန်းမသိ အာစေးမိသလို ဘာမှပြန်မပြောနိုင်ဘဲ ရိပေါ်ကိုကြောင်ကြည့်နေမိလေသည်။

"ကျွန်​တော်​ပြောတာကြားလား ရှောင်းကျန့်"

"အမ်...ကြား ကြားပါတယ်ရိပေါ်"

"အဲ့တာဆို ဘယ်လိုသဘောရလည်း "
ရိပေါ်ကသူ့ကိုတည့်တိုးကြီးကိုမေးလာလေသည်။

"ဟို........."

"....ပါပါး....."
ရှောင်းကျန့်တစ်ယောက်ဘာပြန်ဖြေလို့ဖြေရမှန်းမသိ ဖြေရခက်နေစဥ် သားကအခန်းထဲကထွက်လာကာ သူ့ကိုခေါ်လေသည်။

ရှောင်းကျန့်လည်းသားအခန်းထဲကထွက်​တော့ ရိ​ပေါ်​မေးတာကို မသိသလိုနှင့်ပြန်မဖြေ​တော့ဘဲ သားအနားသွားလိုက်လေသည်...တကယ်လည်းဘယ်လိုဖြေလိုက်ရင်ကောင်းမလဲသူမသိပါ....အခြေအနေကြီးကအရမ်းကိုကတိကအောက်နိုင်လွန်းသည်မဟုတ်လား...

A chance to change the past (Complete)Where stories live. Discover now