Part-20

2.9K 196 6
                                    

"နင်အဆင်သင့်ဘဲလား ရှင်းရှင်း"

"အဆင်သင့်ဘဲ"
ငါအခု ရှောင်းကျန့်တို့မိသားစုကိုပြိုကွဲအောင်လုပ်ဖို့လုံးဝကိုအဆင်သင့်ဖြစ်နေပြီ.....

" သတိတော့ထားနော် ရှင်းရှင်း"

"ငါ့ကိုစိတ်မပူပါနဲ့ ကြယ်စင် ဒီအစီအရင်ကိုငါ​အောင်​မြင်အောင်လုပ်မှာ"

...........

သူတို့သူငယ်ချင်းနှစ်ယောက် စကားပြောကြပြီး ည11နာရီလောက်အရောက်မှာတော့ အကြံအစည်ကိုစ​ပြီးအ​ကောင်အထည်ဖော်ဖို့ပြင်လေတော့သည်။
ကားကိုရှောင်းကျန့်တို့ရဲ့အိမ်မနီးမဝေးမှာဘဲရပ်ထားခဲ့လိုက်ပြီး သူတို့နှစ်ယောက်ကတော့ရှောင်းကျန့်တို့အိမ်ကို ဦးတည်လာလေတော့သည်။

"နင်လိုက်မဝင်​တော့နဲ့ကြယ်စင် အပြင်မှာနေခဲ့"
ရှောင်းကျန့်တို့အိမ်ရှေ့ရောက်လာချိန်မှာတော့ ရှင်းရှင်းက ကြယ်စင်ကိုအပြင်မှာနေခဲ့ဖို့ပြောလေသည်"

"ဟာ....ဘာလို့နေခဲ့ရမှာလည်း ငါလဲလိုက်မှာပေါ့နင်တစ်ယောက်ထဲဝင်သွားမှာကိုငါစိတ်မချပါဘူး"
သူငယ်ချင်းဖြစ်သူကြယ်စင်က ရှင်းရှင်းကိုစိုးရိမ်သလိုပြောလေသည်။

"မဟုတ်ဘူးကြယ်စင် ဟိုဆရာပြောတာနင်လည်းကြားနေတာဘဲ..ဒီအစီအရင်ကိုငါစလုပ်ကတည်းကငါကိုယ်တိုင်လုပ်ရမယ်လို့ပြောပြီးသား အဲ့တော့အစီအရင်မပျက်ဘဲအောင်မြင်အောင်ငါတစ်ယောက်ဘဲလုပ်ရမယ် နင်စိတ်ပူတာကိုငါနားလည်ပင်မဲ့ အပြင်မှာဘဲနေခဲ့ပါဟာ ငါ့ကိုစိတ်ချဘာမှမဖြစ်ဘူး နင်ကအပြင်က​နေ​ပြီးအခြေအနေကိုစောင့်ကြည့်ပေး ဟုတ်ပြီလား"

"ဟင်း! အင်းပါနင်ကစိတ်ပြင်းပြနေတော့လည်းငါကဘာတက်နိုင်မှာလည်း...ဒါပင်မဲ့ထပ်​ပြောဦးမယ် သတိတော့ထားနော်ရှင်းရှင်း"

"အင်း ငါ့ကိုစိတ်ချပါ ဒါဆိုအချိန်မဆွဲတော့ဘူး ငါဝင်လိုက်တော့မယ် "

"အင်း အင်း သတိထား"
ကြယ်စင်က ရှင်းရှင်းအိမ်ထဲဝင်မည့်အချိန်အထိကို သတိထားဖို့အတန်တန်မှာနေသေးလေသည်။

"ဒါနဲ့နင်​​ခြံထဲဘယ်လိုဝင်မှာလည်းရှင်းရှင်း"

"အုတ်တံတိုင်းကို ကျော်ဝင်ရ​မှာပေါ့ ငါ့မှာတခြားနည်းလမ်းမှမရှိတာ"

A chance to change the past (Complete)Where stories live. Discover now