Part-6

4.5K 301 9
                                    

ရိပေါ်စိန်ခေါ်တာကိုလက်ခံပြီး ရှောင်းကျန့်သရဲအိမ်ထဲဝင်ဖို့ စိတ်ဆုံးဖြတ်ထားသော်လည်း တကယ်တမ်းတော့သူကြောက်နေမိလေသည်။

"ဘာလည်း မဝင်ရဲဘူးလား ရှောင်းကျန့်"

"မင်းငါ့ကိုမဝင်ရဲဘူးထင်နေတာမလား ရိပေါ်စိန်လိုက်လေ "

"ok ရှောင်းကျန့်စိန်တယ်လေ...ဝင်ကြမယ်"

ပြီးရောရိပေါ်မင်းစိန်ခေါ်တာကိုလက်ခံတယ်...

"....ဒါပင်မဲ့မင်းရှေ့ကသွားငါနောက်ကလိုက်ခဲ့မယ်....."

"....ဟ...."

" ဘာလို့လည်း ရှောင်းကျန့်ရဲ့ စိန်ခေါ်တာလက်ခံတယ်ဆို..ဟားဟားးခုထဲကကြောက်နေပြီလား"
ရိပေါ်ကဝင်ခါနီးကို ရှောင်းကျန့်ကိုခနဲ့သလိုထပ်ပြောလာလေသည်။

"ဘာလို့မဝင်ရဲရမှာလည်း ဝင်...ဝင်ရဲတယ်...ဝင်ကြရအောင်မင်းကြောက်လို့အချိန်ဆွဲနေတာမလား ရိပေါ်.."

"ဟားးဟားးဟားး...ရှောင်းကျန့်ရယ် ကျွန်တော်ကဘဲ​ကြောက်ရတယ်ရှိသေး..ထားပါအချိန်မဆွဲတော့ဘူး အခုဝင်ကြမယ်"

"ကောင်းပြီ အဲတာဆိုညီတူညီမျှဖြစ်အောင် သားရောငါတို့နှစ်ယောက်ကော အတူတူဝင်ကြမယ်"

"အို​ကေရှောင်းကျန့်ဝင်ကြမယ်"

ဒီလိုနှင့် သူတို့သားအဖသုံးယောက်သရဲအိမ်ထဲသို့ စဝင်ဖြစ်လေတော့သည်။
-
-
-
-
"မှောင်...မှောင်မဲနေတာဘဲ..သားမကြောက်ဘူးလား"
ရှောင်းကျန့်ကစဝင်ဝင်ခြင်း ​ပြောလေသည်။

"မကြောက်ပါဘူး ပါပါးရဲ့ ပါပါးကြောက်လို့လား"

"မကြောက် မကြောက်ပါဘူး သားရဲ့"

"ဟွန့်...တချို့တွေများကြောက်တက်လိုက်ကြတာ"
ရိပေါ်က​ရှောင်းကျန့်ဘက်ကိုမ​ကြည့်ဘဲခနဲ့သလိုပြောလေသည်။

"မင်းဘယ်သူ့ကိုပြောတာလည်း ရိပေါ်"

"ဘယ်သူကိုမှမပြောပါဘူး "
ပြောပြီးရိပေါ်က ကြိတ်ရီလေသည်။

သူတို့စစဝင်လာတဲ့အချိန် အထဲမှာမှောင်မဲနေပြီး အရှေ့ဘက်ကိုကောင်းစွာမမြင်ရပေ.....
ရှေ့ဆက်ပြီးနဲနဲထပ်သွားတော့...အသံတွေကစပြီးကြားလာရလေသည်။

A chance to change the past (Complete)Where stories live. Discover now