Part-25 (Final)

5K 213 10
                                    

ရိပေါ်နှင့်ကျန်းချန်တို့နှစ်ယောက်ဟာ မနေ့ကပြောထားကြသည့်အတိုင်းဒီမနက်မှာ​တော့ဗေဒင်ဆရာဆိုသူဆီသွားကြလေသည်။

ရိပေါ်တို့လာခဲ့တဲ့နေရာဟာ ဘုန်းကြီးကျောင်းအနားမှာရှိတဲ့နေရာတစ်နေရာမှာဖြစ်လေသည်။

"မင်းပြောတဲ့ဆရာဆိုတာ ဟိုးမှာထိုင်နေတဲ့သူလား"
ကားပေါ်ကဆင်းပြီးလမ်းနဲနဲလျှောက်လာကာ တစ်နေရာအရောက်မှာတော့ရိပေါ်ကစကားစကာမေးလေသည်။

"အေ ဟုတ်တယ်ငါ​ပြောတာအဲ့ဒီဆရာပဲ"

ကျန်းချန်ပြောလို့ရိပေါ်ထိုဆရာဆိုသူကိုပြန်ကြည့်မိလိုက်တော့ တကိုယ်လုံးကို​ခေါင်းအစခြေအဆုံး အဖြူရောင်သာဝတ်ဆင်ထားပြီး မျက်စိမှိတ်ထားကာတရားထိုင်နေဟန်တူလေသည်။

"သွားရအောင်​လေရိပေါ် "

"အေး အေး"

ရိပေါ်နှင့်ကျန်းချန်ထိုဆရာရှေ့ကိုသွားလိုက်ပြီး ထိုင်လိုက်သည်အထိထိုဆရာဆိုသူကမျက်လုံးမဖွင့်လာသေးပေ....

"ဆရာ.."
ကျန်းချန်ခပ်တိုးတိုးခေါ်လိုက်လေသည်။

"မင်းတို့တွေရောက်လာကြမယ်ဆိုတာ ဆရာထင်တဲ့အတိုင်းပဲ"
ဆရာဆိုသူကပြောပြီး မျက်စိဖွင့်လာလေသည်။

"ဗျာ"

"ဒီနေ့မနက်ကတည်းက ဆရာရဲ့စိတ်အာရုံထဲမှာလူ​လေးတို့ရောက်လာမယ်ဆိုတာကြိုမြင်နေတာ "

"ဗျာ..ဟုတ်ကဲ့ဆရာ...ဆရာပြောသလိုပဲကျွန်တော့်သူငယ်ချင်းရဲ့အိမ်မှာတကယ်ပဲမကောင်းတဲ့အတိုက်အခိုက်တွေရှိနေလားသိချင်လို့ပါ...ပြီးတော့ကျွန်တော့်သူငယ်ချင်းအိမ်မှာထူးဆန်းတဲ့ပစ္စည်းတွေ တွေ့ထားလို့စိတ်ထဲမကောင်းတာနဲ့ဆရာဆီကိုယူလာပြတာပါဆရာ ကြည့်ပေးပါဆရာ"

"အင်း အဲ့ဒီပစ္စည်းဆရာကိုပြစမ်း"

"ရိပေါ် ဆရာကိုပြလိုက်​တော့လေ"
ကျန်းချန်ရဲ့သတိပေးသလိုတံ​တောင်နှင့်တွတ်လိုက်မူကြောင့် ရိပေါ်လည်းတစ်ချက်ကြောင်နေရင်းက ယူလာတဲ့ဖယောင်းတိုင်နဲ့အင်းစာရွှက်ကိုဆရာကိုထုတ်ပြလိုက်လေသည်။

"ဒီမှာပါ ဆရာ"

ဆရာက ရိပေါ်ပေးတဲ့ဖယောင်းတိုင်နဲ့အင်းစာရွှက်ကိုကြည့်ပြီး ခေါင်းတခါခါနဲ့ပြောလေသည်။
"လူတွေလူတွေ သိပ်ခက်တာပဲ ငရဲမကြောက်ဘာမကြောက်ကွယ် အကုသိုလ်ဖြစ်အောင်လုပ်နေကြတာ..ဝဋ်ဆိုတာနောက်ဘဝမကူးဘူးဆိုတာမသိကြဘူးရော့လား"

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jan 10 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

A chance to change the past (Complete)Wo Geschichten leben. Entdecke jetzt