Part-4

4.7K 342 12
                                    


အခန်းထဲကိုဝင်လာတဲဲ့ ဒေါ်လီနှင့်ရှောင်းကျန့်အဒေါ် ရှောင်းဟွားတို့ ကုတင်ပေါ်ကိုအကြည့်ရောက်မိချိန်မှာတော့....

"ဟင်!!...ကလွမ်း..💢"

သူတို့အရမ်းကိုတုန်လူပ်သွားကြပြီး လက်ထဲမှာကိုင်လာတဲ့ သံပရာရည်ခွက်လေးဟာကြမ်းပြင်ပေါ်သို့ကြကွဲသွားရ​လေသည်။

ဒါ...ဒါက.....
ဒေါ်ရှောင်းဟွားသိပ်ကိုတုန်လှုပ်သွားမိသည်။
ဒီအခြေအနေကြီးက...ဘယ်လိုဖြစ်ပြီး...

သူ့တူ ရှောင်းကျန့်ကဘယ်လိုလုပ် ရိပေါ်ရဲ့အခန်းထဲကိုရောက်နေတာလည်း...ပြီးတော့ဒီအခြေအနေကြီးက.....

သူမထိန့်လန့်နေတုန်းမှာဘဲ..ကုတင်ပေါ်ကနှစ်ယောက်ဟာလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့လေသည်။

"အင်း...အ့...."
ငြီးငြူသံနှင့်အတူ ရှောင်းကျန့်အရင်နိုးထလာပြီးအောက်ပိုင်းကနာကျင်မူကိုခံစားလိုက်ရ​ကာမျက်လုံးကိုဖွင့်ကြည့်မိလေသည်။

"ဟင်!!..."
ရှောင်းကျန့်သိပ်ကိုလန့်သွားမိသည်။
သူတို့ကို အကုန်လုံးကဝိုင်းကြည့်နေကြကာ..သူ့အဒေါ်ကလည်းဖြစ်ရလေခြင်းဆိုတဲ့ ပုံစံမျိုးနှင့်သူ့ကိုစိတ်ပျက်လက်ပြတ်ကြည့်နေပြီးနောက် သူ့ဆီကိုလာကာ.....

"ကျန့်ကျန့်!!!..."
နင်ဘာလို့အဲ့လိုလုပ်ရတာလည််း...သူတို့ကငါတို့ကျေးဇူးရှင်တွေနော်...ငါတကယ်သေချင်တော့တာဘဲကျန့်ကျန့်ရယ်...နင်ဘာလို့ဒီလိုလုပ်ရတာလည်း..ဟီး.....ဟင့်!!
ဒေါ်ရှောင်းဟွားက ငိုကာပြော​နေရင်း ရှောင်းကျန့်၏ကျောကုန်းကိုလည်းထုရိုက်လို့နေပေသည်။

ရှောင်းကျန့်လည်း...အရမ်းဝမ်းနည်းလာရသည်....သူ့အဒေါ်ထုရိုက်လို့နာတာမဟုတ်..ပြောလိုက်တဲ့စကားတွေကြောင့်ရင်ဘက်ကပိုနာရသည်။
သူဒီလိုမလုပ်ခဲ့ပါဘူးဆိုတာကို ဘယ်သူမှမယုံချင်နေပါစေ..တစ်ဦးတည်း​​သောကျန်တဲ့​ဆွေမျိုးသားချင်းသူ့အဒေါ်ကိုတော့ယုံကြည်စေချင်မိပါသည်။

"ဟင့်!! ...မဟုတ်ပါဘူးဒေါ်လေးရယ်...ကျန့်ကျန့်ဒီလိုလုပ်တာမဟုတ်ပါဘူး...ဟင့်...မနေ့ကရိပေါ်မူးလာပြီးအခြေအနေတွေကဒီလိုဖြစ်ကုန်တာပါ ...ကျန့်ကျန့်လုပ်တာမဟုတ်ပါဘူး...ဟင့်"

A chance to change the past (Complete)Where stories live. Discover now