Part-14

3.4K 255 9
                                    

"ရှောင်းကျန့် ဒီနေ့ညကျွန်တော်အိမ်ပြန်နည်းနည်းနောက်ကျမယ်နော် စောင့်မနေဘဲညစာစားနှင့်"

"မင်းမှာအလုပ်ကိစ္စရှိလို့လားရိပေါ်"

"အင်းဟုတ်တယ် ပြီးတော့သားလေးကိုလည်းညနေကျောင်းဆင်းချိန်ခင်ဗျားဘဲသွားကြိုပေးလိုက်ပါ အခုသွားရင်တော့ကျွန်တော်ဝင်ပို့ခဲ့လိုက်မယ်"

"ဟုတ်ပါပြီ မနက်စာစားကြရအောင်"

"သားနွားနို့သောက်လေ"

"ပါပါးကလည်း သားနွားနို့ မကြိုက်ပါဘူးဆို"

"နွားနို့သောက်မှသားဥာဏ်ကောင်းပြီးမြန်မြန်ကြီးလာမှာပေါ့သားရဲ့ သောက်လိုက်ပါသားကလိမ်မာတယ်"
ဝမ်ကျန့်လေးနွားနို့သောက်ဖို့အ​ရေးကို ရှောင်းကျန့်အတင်းပြောယူရလေသည် ။ဝမ်ကျန့်လေးသည်ငယ်စဥ်ကတည်းကတခြားကလေးများနှင့်မတူဘဲ နွားနို့သောက်ရသည်ကိုမကြိုက်ပေ။ လုံးဝမသောက်တာမျိုးမဟုတ်ပင်မဲ့သောက်ခိုင်းတိုင်းငြင်းတက်လေသည်။

"ဟင့်အင်း မသောက်ချင်ဘူး သားနွားနို့​သောက်ရတာမကြိုက်ဘူး"

"ဝမ်ကျန့် ဂျီးမများနဲ့ နွားနို့သောက်လိုက် "
ရိပေါ်ကပါဝမ်ကျန့်လေးကိုဝင်ပြောလေသည်။

"သားတကယ်မသောက်ချင်ဘူးဒယ်ဒီ"

"သောက်လိုက် သားနေ့တိုင်းနွားနို့သောက်ရင်ဒယ်ဒီ နောက်ပိတ်ရက်ကျရင် ပင်လယ်လိုက်ပို့ပေးမယ်"

"တကယ်ပြောတာလားဒယ်ဒီ!!"
မညာရဘူးနော်...

"ဒယ်ဒီကမင်းကိုညာစရာလားကွာ မင်းနေ့တိုင်းနွားနို့သောက်လိမ်လိမ်မာမာနဲ့စကားနားထောင်ရင် တကယ်လိုက်ပို့ပေးမယ် ကတိပေးတယ်"

ရေး!!!
"အဲ့တာဆို သားသောက်မယ်"
ပြောပြီးဝမ်ကျန့်လေးကနွားနို့ကိုလိမ်လိမ်မာမာသောက်လေသည်။

အဲ့ဒီအချိန်မှာရိပေါ်ကရှောင်းကျန့်ကိုကြည့်ရင်းမျက်စိတစ်ဖက်မှိတ်ရင်း​ပြုံးပြကာ.....
"တွေ့တယ်မလား သားနွားနို့သောက်နေပြီဆိုတဲ့ပုံစံမျိုးကို အမူအယာနဲ့ပြောလေသည်"

ရှောင်းကျန့်လည်း ရိ​ပေါ်ကိုခေါင်းအသာငြိမ့်ပြလိုက်ကာ မနက်စာ ကိုဆက်စားကြလေတော့သည်။






-
"သားရေ ကျောင်းမှာလိမ်လိမ်မာမာနေနော် ပါပါးလွယ်အိတ်ပြင်ပြီးပြီမုန့်တွေလည်းထည့်ပေးလိုက်တယ် သူငယ်ချင်းတွေနဲ့တူတူစားနော်. ပါပါးလိုက်မပို့တော့ဘူး"

A chance to change the past (Complete)Where stories live. Discover now