Part-17

3.2K 216 13
                                    

 
"ရှောင်းကျန့် ဓားယူ.."

"အား မားရေ!!!!"

"ဘာဖြစ်တာလဲ ရှောင်းကျန့် "
မီးဖိုခန်းထဲကထွက်လာတဲ့ ရှောင်းကျန့်ရဲ့အော်သံကြောင့်ရိပေါ်ပြာပြာသလဲဖြစ်ကာ မီးဖိုထဲပြေးဝင်လာခဲ့လေသည်။

"ရိပေါ်! ငါကြောက်တယ်ရိပေါ်"
ရိပေါ်မီးဖိုခန်းထဲရောက်ရောက်ခြင်းမှာဘဲ ရှောင်းကျန့်ကကြောက်ပြီးငို​နေကာ ရိပေါ်ရင်ခွင်ထဲတိုးဝင်ပြီး အတင်းလာဖက်တွယ်လေသည်။

"ရှောင်းကျန့်မငိုနဲ့ဘာဖြစ်တာလည်း ကျွန်တော့်ကိုပြော"

"ကျန်း ကျန်းချန်စိတ်ဖောက်ပြီးငါ့ဆီကိုဓားကြီးကိုင်ပြီးလာနေတာရိပေါ် ငါအရမ်းကြောက်တယ် ဟင့်! "

"ဟင်! ကျွန်တော်ကဘာကိုစိတ်ဖောက်ရမှာလည်းရှောင်းကျန့် ကျွန်တော်က ဝမ်ကျန့်လေးအသီးစားချင်တယ်ပြောလို့ အသီးလှီးဖို့ဓားဝင်ယူတာပါ ကျွန်တော်ခေါ်ပါသေးတယ် ရှောင်းကျန့်ကမကြားတာ"
အခုလိုရှောင်းကျန့်ကရုတ်တရက်ကြီးထအော်တော့ ကျွန်တော်တောင်လန့်သွားတာဘာဖြစ်တာလည်းဆိုပြီး....

"မကြောက်နဲ့​တော့နော် ရှောင်းကျန့်ကျွန်တော်တစ်ယောက်လုံးရှိတယ်"

"ဟင့်! ရိပေါ်"

"တော်ပြီမငိုတော့နဲ့နော် ကျွန်တော်တို့အခန်းထဲဝင်ကြမယ် လာ..သားရောအိပ်ယာဝင်တော့"
ကျန်းချန်ငါတို့အခန်းထဲဝင်တော့မယ် မင်းလည်းနားချင်နားတော့လေ...
ရိပေါ်ကပြောပြီးတာနဲ့ သူ့ယောကျာ်းနဲ့သူ့သားလက်ကိုတွဲကာ ထွက်သွားလေသည်။

ကျန်နေခဲ့တဲ့ကျန်းချန်တစ်ယောက်မှာတော့ လက်တစ်ဖက်ကပန်းသီးတစ်လုံးနှင့် နောက်ကျန်တဲ့လက်တစ်ဖက်မှာတော့ဓားကြီးကိုင်ကာ အူကြောင်ကြောင်နဲ့ ကျန်ခဲ့လေသည်။
ဖြစ်သွားတဲ့အဖြစ်အပျက်တွေကိုသူလိုက်မမှီနိုင်တော့ပေ...ရိပေါ်ယောကျာ်းကပြောသွားသေးတယ် ဘာတဲ့..သူကိုစိတ်ဖောက်နေတယ်တဲ့...သူ့လိုကိုလူချောလေးကိုမှပြောရက်လိုက်လေခြင်းဆိုပြီး ကျန်းချန်ရင်ထဲအောင့်သက်သက်ကြီး​တောင်ဖြစ်သွားရလေသည်။

...............

ရိပေါ်တို့သုံးယောက်အခန်းထဲဝင်လာပြီး ​နောက်ရှောင်းကျန့်ကရိပေါ်ကိုစကားစလေသည်။
"ငါကြောက်တယ်ရိပေါ် သူ့ကိုဒီမှာဆက်နေခိုင်းလို့ဖြစ်ပါ့မလား"

A chance to change the past (Complete)Where stories live. Discover now