Part-3

5.6K 348 32
                                    


"ရိပေါ် ကုမဏီရောက်ပြီးအလုပ်ရှုပ်နေကာ 10မိနစ်လောက်နေတော့ တစ်စုံတစ်ယောက်ကဖုန်းခေါ်ဆိုလာခဲ့လေသည်"

"..ခေါ်ဆိုသူကိုကြည့်လိုက်တော့...ရှင်းရှင်း.."

ရိပေါ်လည်းလက်ထဲမှာကိုင်ထားသည့်ဖုန်းကို​ကြည့်​နေရင်း ကိုင်သင့်မကိုင်သင့်စဥ်းစားနေမိလေသည်။ ဘယ်လိုဘဲဖြစ်ဖြစ်..သူသည်ယခုဘဝတွင်တော့ ရှင်းရှင်းနှင့်ကင်းအောင်နေရမည်။ သူ့မှာ သူစောင့်ရှောက်ရမည့် သားနှင့်ရှောင်းကျန့်ရှိသေးသည်..ဒီတစ်ကြိမ်မှာတော့ မျက်နှာများသည့်ရှင်းရှင်းဆိုသည့်မိန်းမကြောင့်သူ့အိမ်ထောင်ရေးမပျက်စီးစေရပါ...

"ရိပေါ်ရဲ့ဘဝတစ်​လျှောက်လုံးမှာမှာနောင်တအရဆုံးအရာကိုပြောပါဆိုလျှင် ရှင်းရှင်းကို ဘဝကြီးတစ်ခုလုံးနှင့်ရင်းပြီး ချစ်ခဲ့မိခြင်းပင်"

အခုဆိုရင်ရိပေါ်ကိုဘုရားသခင်ကဒုတိယအကြိမ်အခွင့်အရေးတကယ်ပေးလာပြီ....
သူသာနောက်တစ်ကြိမ်သာ ရှင်းရှင်းကိုထပ်​ပြီးချစ်မိသွားမယ်ဆိုလို့ရှိရင်..သေချာပါတယ်သူဟာတကယ့်ကိုသေသင့်တဲ့ကောင်ပါဘဲ....

ရိပေါ်လည်းဖုန်းကိုကိုင်ဖို့ဆုံးဖြတ်လိုက်ပြီး.....

"...ဟယ်လို..."

"ကိုကိုနော်....ရှင်းရှင်းကိုဒီမနက်ဘာလို့ဖုန်းမဆက်တာလည်းပြော...Good Morningလည်းလာမပြောဘူး မသိဘူး..ကိုကို့ ကိုစိတ်ဆိုးတယ်ကွာ.."

ဖုန်းကိုင်ကိုင်လိုက်ချင်းမှာဘဲ ရှင်းရှင်း၏ချွဲပြစ်စွာ​ငြူဆူသံလေးကို ဦးစွာကြားရပေသည်။
အရင်ကဆို ရိပေါ်ရှင်းရှင်း၏ထိုအသံလေးကိုကြားတာနဲ့ အရာအားလုံးကိုလိုက်လျှောပြီးအလိုလိုက်မိမှာဖြစ်ပင်မဲ့ ယခုတွင်​တော့ရှင်းရှင်း၏သရုပ်အမှန်ကိုသိပြီးဖြစ်သောကြောင့် ရွံပါရွံရှာလာမိသည်...မျက်နှာများလိုက်သည့်မိန်းမ....

"....ရှင်းရှင်း..."
ကိုယ်တို့တစ်ရက်ချိန်းပြီးစကားအေးဆေးပြောရအောင်....

" ကိုကိုအခုထိရှင်းရှင်းကို Good Morning လည်းမပြောသေးဘူးနော်..ရပါတယ်အပြင်မှာတွေ့ရအောင်...မနေ့ကရှင်းရှင်းရဲ့မွေးနေ့မှာကိုကိုစိတ်ဆိုးသွားတာသိတယ်...အပြင်မှာတွေ့မှကိုကို ကိုအာဘွားတွေအများကြီးပေးပြီး ချော့မယ်နော်....ဟီးဟီး..."
ရှင်းရှင်းက တမင်ချစ်စရာကောင်းအောင် လုပ်ပြောလေသည်။

A chance to change the past (Complete)Where stories live. Discover now