Part-15

3.4K 252 20
                                    


"ကျွန်တော်လည်းစားချင်တယ် ပူတင်းမဟုတ်တဲ့ခင်ဗျားနှုတ်ခမ်းလေးကို"

"........."

"ရမလား ရှောင်းကျန့်"

"မရဘူး!! ရိ​ပေါ် ကလေးရှိတယ်လေ မင်းအပြင်ကပြန်လာပြီးရေလည်းမချိုးရသေးဘူးမဟုတ်လား ရေသွားချိုး ညစ်ပတ်တယ် ငါ့ကိုဖက်ထားတာလည်းလွှတ်ပေးအုံး"

"အော်..ခင်ဗျားက ကျွန်တော့်ကိုရွံနေတာလား ဟုတ်လား ရှောင်းကျန့်"

"မဟုတ်..."

"ပြီးရောလေ ရေချိုးပြီးရင်ခင်ဗျားကိုအဝနမ်းမှာနော်ရှောင်းကျန့် အခုရေသွားချိူးလိုက်အုံးမယ်"

ရိပေါ်ကပြောပြီးတာနဲ့ ရှောင်းကျန့်ကိုဖက်ထားတာလွှတ်ပေးလိုက်ကာ ရေချိုးခန်းထဲကိုရေချိုးဖို့ဝင်သွားလေသည်။ သူ့ကိုညစ်ပတ်တယ်ပြောလိုက်လို့ထင်သည်။ မျက်နှာကလည်းဆူပုတ်ပုတ်နဲ့ပင်....

ဟင်း!!
ရှောင်းကျန့်ရိပေါ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။
ထို့နောက်ပူတင်းကလည်း ရနေပြီမို့သားကိုခေါ်ကာ ပူတင်းကျွေးဖို့ပြင်ရလေတော့သည်။

"သား​ရေလာပူတင်းရပြီ လာစားတော့"

"ဟုတ်ပါပါး"
ဝမ်ကျန့်လေးကပြန်ထူးပြီးတာနဲ့ ပူတင်းရှိရာဆီသို့လာ​ပြီးစားလေသည်။

"စားကောင်းလား သား"

"ဟုတ် ကောင်းတယ်ပါပါး ပါပါးကအတော်ဆုံးဘဲ"
ပြောပြီးဝမ်ကျန့်လေးက သူ့လက်မလေးနှစ်ဖက်ကိုထောင်ပြလေသည်။

ရှောင်းကျန့်လည်းသားရဲ့ချစ်စဖွယ်အပြုအမူကြောင့်အသဲယားသွားပြီး သားပါးဖောင်းဖောင်းလေးတစ်ဖက်ကိုဖွဖွလေး ဆွဲညစ်လိုက်ကာ သားပူတင်းစားနေတာလေးကို ထိုင်ကြည့်နေလေတော့သည်။

--------

ရိပေါ်ရေချိုးခန်းထဲကထွက်လာပြီး အခန်းထဲဝင်လာတော့သားက အိပ်ပျော်နေလေသည်။ ရှောင်းကျန့်ကတော့အခန်းထဲမှာ ရှိမနေပေ...ရိပေါ်လည်းဗီဒိုထဲက ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့ညအိပ်ဝမ်းဆက်တစ်စုံကိုကောက်ဝတ်လိုက်ပြီး ရှောင်းကျန့်ရှိရာသို့ထွက်ခဲ့တော့သည်။
ရှောင်းကျန့်ကမီးဖိုထဲမှာ ပန်းကန်ဆေးနေလေသည်။

A chance to change the past (Complete)Where stories live. Discover now