Part-21

3.1K 203 6
                                    

    ရှင်းရှင်းတစ်ယောက်ကတော့ သစ်ပင်နောက်မှာကျန်နေခဲ့ပြီး အိမ်ထဲကိုရုတ်တရက်ထွက်ပြေးသွားတဲ့လူကြောင့် ကြောင်သွားခဲ့လေသည်။
ဘာလည်းဟ!! ဘာလို့ထွက်ပြေးသွားတာလဲ ဒီမှာလူရှိနေမှန်းရိပ်မိပြီးအိမ်ထဲက ရှောင်းကျန့်တို့ကိုသွားပြောတာလား!....ရှင်းရှင်း​တွေး​မိကာကြောက်ကြောက်နဲ့ဘဲ ​သတိလည်းထားရင်းသစ်ပင်​နောက်က​နေခဏ​​လောက်ဆက်ပြီးအခြေအနေကိုစောင့်ကြည့်​နေပြန်တော့လည်း အိမ်ကတိတ်ဆိတ်နေကာ ဘာလှုပ်ရှားမူအသံမျိုးမှ​မကြားရပေ...

ဒါကြောင့်ရှင်းရှင်းလဲ သူ့ကိစ္စအမြန်ပြီးစေချင်တာကြောင့် သတ္တိမွေးကာ အသက်​ပြင်း​ပြင်းတစ်ချက်ရူလိုက်​ပြီးသစ်ပင်နောက်ကထွက်လိုက်ကာ သူယူလာတဲ့လွယ်အိတ်ထဲက ပေါက်တူးအသေးနှင့်တခြားကိရိယာလေးတွေကိုပါအမြန်ထုတ်လိုက်လေသည်။
ထို့နောက် ဒူးထောက်ပြီးထို စားပွဲအောက်ကိုခန္တကိုယ်ကိုညွတ်လိုက်ပြီး သူလက်နဲ့မြေကြီး အပေါ်နားကကျောက်စရစ်ခဲ​လေးတွေကို အရင်ဖယ်ထုတ်လေသည်။

အ့!!
ရှင်းရှင်းအမြန်ဖယ်နေတုန်း ကျောက်စရစ်ခဲလေးတွေကကြမ်း​တာကြောင့်ရယ် သူကလည်းမြန်မြန်ဖယ်နေတော့ကျောက်စရစ်ခဲတစ်ချို့က ​မတော်တဆသူ့လက်ဖဝါးကို ခြစ်မိကာ သူ့လက်ဖဝါးမှာသွေးထွက်လာရလေသည်။
ဒါပင်မဲ့ရှင်းရှင်းသူ့လက်ဖဝါးကိုတစ်ချက်သာကြည့်လိုက်ပြီး အာရုံမထားနိုင်စွာဘဲ ဆက်ပြီးမြန်မြန်ဖယ်ထုတ်လေသည်။

တော်တော်များများဖယ်ထုတ်ပြီးချိန် မြေသားပေါ်လာချိန်မှာတော့ သူယူလာတဲ့ပေါက်တူးကိုကိုင်ကာ မြေကြီးသားကိုစပြီးတူးဖော်လေတော့သည်။ တူးနေရင်းကအိမ်ရဲ့အခြေအနေကိုလည်း ကြည့်နေရသေးလေသည်။ တော်သေးသည်က ခုနကလူလည်းပြန်ထွက်မလာသလို အိမ်ကလည်းတိတ်ဆိတ်နေကာဘာလှုပ်ရှားမူအသံမျိူးမှမကြားရပေ...

သူမြန်မြန်တူးလိုက်ရင်း သူ့ပစ္စည်းတွေကိုမြုပ်ဖို့အဆင်ပြေလောက်တဲ့အနေအထား လောက်ရောက်တော့တူးထားတဲ့ကြွင်းထဲကို သူယူလာတဲ့အဓိကအစီအရင်ဖြစ်တဲ့အင်းနဲ့ဖယောင်းတိုင်ကိုအမြန်ထည့်မြုပ်လိုက်ကာအပေါ်ကနေခုနကတူးထုတ်ထားတဲ့ မြေကြီးသားတွေကိုတော့သူ့လက်နှင့်ဘဲပြန်ဖို့လိုက်လေသည်။ ထို့နောက်အပေါ်မှာခုနကကျောက်စရစ်ခဲလေးတွေကို လက်နှင့်သေချာလေးမသိသာအောင်ပြန်ဖြန့်ခင်းလိုက်လေသည်။ အခုလောက်ဆိုရင်ဘယ်သူဘဲကြည့်ကြည့်ဒီနေရာမှာမြုပ်ထားသည်ဟုထင်မှာမဟုတ်ပေ..

A chance to change the past (Complete)Where stories live. Discover now