Part-11

3.9K 278 5
                                    

"ရှောင်းကျန့် ရှောင်းကျန့်"

ရှောင်းကျန့်ထပါအုံး ခင်ဗျားဖျားနေပြီ ဒီအတိုင်းဆက်အိပ်မနေနဲ့ ထပြီးမနက်စာစားရအောင် ​ပြီးရင်ဆေးသောက် ပြီးမှပြန်အိပ်....

ရှောင်းကျန့်အိပ်နေတုန်း ရိပေါ်ရဲ့လာနိုးသံကြောင့်မျက်လုံးကိုအားယူကာဖွင့်လိုက်ရ​လေသည်။
နိုးနိုးချင်းမှာသူခံစားလိုက်ရတာက ခေါင်းတွေအရမ်းကိုက်နေပြီး မထချင်လောက်အောင်သူ့ခန္တကိုယ်ကနူံးချိနေတယ်ဆိုတာပါဘဲ ရိပေါ်ပြောသလို သူဖျားပြီနဲ့တူပါတယ်....

"ရှောင်းကျန့် ရရဲ့လား ခေါင်းကိုက်နေလို့လား ခဏတော့ထလိုက်ပါ ခင်ဗျားဆေးသောက်ရအုံးမယ်လေ"
ပြောပြောဆိုဆိုနဲ့ ရိပေါ်ကထဖို့ခက်​နေတဲ့ရှောင်းကျန့်ကို ဆွဲထူထပေးလေသည်။

"အင်း ရပါတယ်ရိပေါ် ဘာမှမဖြစ်ပါဘူး"
ရှောင်းကျန့်ရဲ့စကားသံ​​လေးဟာ ခါတိုင်းနဲ့မတူဘဲ အရမ်းကိုတိုးကာ အားနည်းနေသည့်ပုံပေါက်​နေသည်မို့ ရိပေါ် ရှင်းရှင်းဆိုသည့်မိန်းမကိုပိုလို့တောင်ဒေါသထွက်လာရလေသည်။
အဲ့ဒီမိန်းမက မျက်နှာများသည့်မိန်းမ....အဲ့လိုမိန်းမကိုဒီဘဝမှာဖြတ်လိုက်ရင်ပြီးရော လွယ်လွယ်နဲ့ဇာတ်လမ်းပြီးသွားမယ်လို့ရိ​ပေါ်ထင်ထားပင်မဲ့ အဲ့ဒီမိန်းမရဲ့မကောင်းတဲ့အကျင့်စရိုက်​တွေကိုရိ​ပေါ်မေ့နေခဲ့သည်ဘဲ...ဒီဘဝတော့သူ့ရဲ့မိသားစုကိုစိတ်ဆင်းရဲမူတွေ ရှင်းရှင်းဆိုသည့်မိန်းမထပ်​ပြီးမပေးနိုင်စေရပါ....ရှောင်းကျန့်အခုလိုစိတ်ဆင်းရဲပြီးနေမကောင်းရတာလည်းအဓိကတရားခံကလည်း ရှင်းရှင်းဖြစ်လို့ ထိုအတွက်ရှင်းရှင်းပြန်ပေးဆပ်ရဖို့အတွက်ရိပေါ်ခေါင်းထဲမှာတွေးထားနှင့်ပြီးဖြစ်သည်။

...............

"ရိပေါ်"
ရှောင်းကျန့်ရဲ့ခေါ်သံလေးဟာ သိပ်ကိုတိုးလျှလွန်းလို့ ရိပေါ်တောင်မနည်းနားထောင်လိုက်ရလေသည်။

"အင်း ဘာပြောချင်လို့လည်းရှောင်းကျန့်"

"ဒီနေ့သားပြန်လာမှာမဟုတ်လားဟင်"

"ပြန်လာမယ်ထင်တယ် ကျွန်တော်ဖုန်းဆက်လိုက်မယ်မားဆီကို ဒီနေ့ပြန်မလာခိုင်းသေးနဲ့လို့"

A chance to change the past (Complete)Where stories live. Discover now