Part-23

3.4K 224 8
                                    

  ဒီနေ့ဟာဆိုရင် ဝမ်ကျန့်လေးရဲ့မွေးနေ့ဖြစ်လေသည်။

ရှောင်းကျန့်ကတော့ မနက်စောစောထကာလုပ်စရာရှိတာလုပ်ပြီး မီးဖိုထဲမှာမနက်စာစားဖို့အတွက်ပြင်ဆင်နေလေသည်။

"ရှောင်းကျန့် ကျွန်တော်အပြင်ခဏသွားမယ်နော် မကြာဘူး ခဏပဲ "
ရိပေါ်ကမီးဖိုခန်းရဲ့ တံခါးဝကနေ ရှောင်းကျန့်ကိုလှမ်းပြောလေသည်။

"မင်းကဘယ်သွားမလို့လဲ ရိပေါ် ဒီနေ့သားမွေးနေ့ဆိုတာသတိရနော် ငါကိုဂရုမစိုက်ချင်နေ မင်းနဲ့ရထားတဲ့သား​လေးကိုတော့ဂရုစိုက်ပေးပါ"

ကျစ်!!
ရိပေါ်မနက်စောစော စုတ်တစ်ချက်သပ်မိလိုက်လေသည်။ မနက်စောစောကတည်းကရှောင်းကျန့်ကသူ့ကိုရန်စကားပြောနေသည်ပဲ..

"မဟုတ်ပါဘူးဗျာ ကျွန်တော်သားအတွက်လက်ဆောင်လေးသွားဝယ်ပေးချင်လို့ သားအရမ်းလိုချင်တယ်လို့ပြောနေတဲ့ဟာလေ"

"ဘာလဲ"
ရှောင်းကျန့်အသံကဘောက်စပ်စပ်နှင့်ဖြစ်လေသည်။

"သားအတွက်ခွေးလေးတစ်ကောင်ဝယ်ပေးဖို့တွေးထားတာ သားအရင်ကတည်းကလိုချင်တယ်ပြောနေလို့ ကျွန်တော်မနေ့ညကတည်းကသေချာရှာပေးထားတာ အခုသွားယူမလို့"

ရိပေါ်! !
" ဒီကိစ္စကိုမင်းဘာလို့ငါ့ကိုဘာမှမပြောတာလဲ ခွေး​မွေးတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးနော် အိမ်ကလူတွေ​ခွေးကိုသေချာကြည့်ရူ့စောင့်ကြည့်နိုင်မှရမှာ မင်းငါ့ကိုဘာလို့ဘာမှမပြောပဲမင်းသဘောအတိုင်းလုပ်ချင်တိုင်းလုပ်နေရတာလဲ"

ရှောင်းကျန့်ရဲ့အသံမှာစိတ်ဆိုးချင်းတွေပါဝင်နေတာကို ရိပေါ်ခံစားမိလေသည်။

"မဟုတ်ပါဘူးဗျာ ကျွန်တော်ကသားကိုပျော်စေချင်လို့ပါ ခင်ဗျားကိုတမင်အသိမပေးတာလဲမဟုတ်ရပါဘူး ကျွန်တော်မနေ့ကမှသိ​တော့အလောတကြီးစီစဥ်လိုက်တာမလို့ပါ စိတ်မဆိုးပါနဲ့နော်"
ပြီးရင်ကျွန်တော်တို့ မိသားစုဟိုးအရင်ကတည်းကအလှူလုပ်နေကြ မိဘမဲ့ဂေဟာ​လေးရှိတယ် သား​မွေး​နေ့အတွက်သွားအလှူလုပ်ကြမယ်နော် သူတို့လေးတွေလည်းကျွန်တော်တို့လာမယ်ဆိုတော့အရမ်းပျော်နေတာ သားလည်းပျော်မှာပဲ ကျွန်တော်အားလုံးစီစဥ်ပြီးပြီ...

A chance to change the past (Complete)Where stories live. Discover now