Part-12

3.8K 266 9
                                    

"ရှောင်းကျန့် "
' ခင်ဗျားဘာလို့အဲ့လောက်လှရတာလည်း'

"............ "

"ကျွန်တော်ခင်ဗျားကိုနမ်းချင်တယ် ရှောင်းကျန့်"

  "..........."

ရှောင်းကျန့်တစ်ယောက်ကတော့ရိပေါ်ရဲ့စကားတွေကြားပြီး သူအိမ်မက်များမက်နေသလားလို့​တောင်​အောက်​မေ့မိလေသည်။
သူ့ကိုအ​ပေါ်စည်းက​နေဖက်ထားကာငုံ့မိုးပြီးကြည့်နေတဲ့ရိပေါ်ရဲ့ဝေဆာဆာအကြည့်ကြောင့်လည်း ရှောင်းကျန့်အသက်တောင်ရူဖို့မေ့နေခဲ့သလို ရင်ခုန်သံစည်းချက်တွေကလည်းမူမမှန်တော့ပေ.......

"ကျွန်​တော်နမ်းလို့ရမလား ရှောင်းကျန့် "

"ဟို......မင်း မင်းနမ်းချင်ရင်.."

"အွန့်....အွန့်... အင့် ခဏလေး...ရိ ရိပေါ်.. အွန့်.."

ရိပေါ်ဟာဆိုရင်သူ့ကိုစကားကိုဆုံးအောင်ပြောခွင့်​လေးတောင်မပေးတော့ဘဲ သူ့နှုတ်ခမ်းနဲ့ရှောင်းကျန့်ရဲ့နှုတ်ခမ်းနုနုနှစ်လွှာကိုထပ်တူကျစေလိုက်​ကာ လှပ​​သောအနမ်းတစ်ခုကိုစ​ပြီးပုံဖော်နေလေသည်။ ဒီအနမ်းဟာဆိုလျှင်ရှောင်းကျန့်အတွက်ရိပေါ်ကကြည်ကြည်ဖြူဖြူပထမဆုံးပေးတဲ့ အနမ်းလေးလည်းဖြစ်သည့်အတွက်ရှောင်းကျန့်ရင်ခုန်သံမြန်နေမှာကိုတော့ခန့်မှန်းစရာကိုမလို​တော့ပေ.....

ရိ​ပေါ်က​ရှောင်းကျန့်ရဲ့နှုတ်ခမ်း​လေးကိုအရသာရှိကာချို​ပြီးမွှေးတဲ့စ​တော်ဘယ်ရီချိုချဥ်လုံး​လေးကိုစားနေရတဲ့ကလေးတစ်​ယောက်ပမာ မလွှတ်တမ်း နှုတ်ခမ်း​လေးကိုလည်းအတင်းကိုနမ်းစုပ်နေလေသည်။
အပေါ်တစ်လွှာအောက်တစ်လွှာကိုကျွမ်းကျွမ်းကျင်ကျင်နမ်းတက်နေပုံကို​ရှောင်းကျန့်ကိုယ်တွေ့အနမ်းခံနေရရင်း အရင်ကဘယ်သူနဲ့ဒီ​လောက်နမ်းခဲ့ဖူးလို့ဒီလောက်နမ်းတက်နေရတာလည်းဆိုတဲ့ ဝန်တိုစိတ်ကလေးကလည်းတစ်ဆက်ထဲမှာဘဲရှောင်းကျန့်ရင်ထဲ​ဖြစ်ပေါ်လာရလေသည်။

"အွန့်....အင့်..အွန့် ..."
နမ်းနေရင်းက ရှောင်းကျန့်ရဲ့လက်ကလေးနှစ်ဖက်က ရိပေါ်ရဲ့ရင်ဘက်ကိုထုရိုက်ကာ သူအသက်ရူမဝတော့ကြောင်းကိုပြနေတဲ့အမူအယာကြောင့် ရိပေါ်နမ်းနေရင်းက​နေခဏနှုတ်ခမ်းနှစ်ခုကိုဖယ်ခွာလိုက်စေပေသည်။

A chance to change the past (Complete)Where stories live. Discover now