Part-16

3.2K 238 10
                                    


ကျန်းချန်!!!!

"ဘာ...ဘာလည်းကွာ မင်းကလည်းလန့်လိုက်တာ"
ရှောင်းကျန့်ကိုလိုက်ငေးနေရင်းက ကျန်းချန်တစ်ယောက် ရိပေါ်ရဲ့အော်သံကြောင့်လန့်သွားခဲ့ရလေသည်။

"မင်းတရားလွန်နေပြီနော်ကျန်းချန်!! မင်းဒီလိုပုံစံမျိုးနဲ့ဆိုရင်ငါ့အိမ်မှာမနေတော့နဲ့"

"ဘာလည်း ဘာထဖြစ်တာလည်းရိပေါ်! "

"မင်းငမ်းနေတာ ငါ့ယောကျာ်းကွ!!"

"..........."

"ဟုတ်တယ် ရှောင်းကျန့်ကငါ့ယောကျာ်း ပြီးတော့..."

"အအေးရပါပြီ သောက်လိုက်ပါအုံး"
ရိပေါ်တို့စကားပြောနေကြတုန်း ရှောင်းကျန့်ကအအေးခွက်နှစ်ခွက်ကိုသယ်လာကာ စားပွဲပေါ်ချပေးလေသည်။

အင့် ရိပေါ်!
ရုတ်တရက် ရိပေါ်က ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကိုဆွဲချကာသူ့ဘေးနားထိုင်စေပြီး လက်တစ်ဖက်ကလည်း ရှောင်းကျန့်ရဲ့ခါးကိုဖက်ထားလေသည်။

"မောနေပြီလား ကျွန်​တော့်အမျိုးသားလေး"

"........."

"........."

"ကျွန်​တော်သေချာမမိတ်ဆက်ပေးရသေးဘူးနော် ရှောင်းကျန့်ဒါက ကျွန်တော့်သူငယ်ချင်းကျန်းချန်တဲ့ သူကခုမှ သဘော်လိုက်ပြီးပြန်လာတာ ကျွန်တော်တို့အိမ်မှာ2ရက်3ရက်နေဖို့ခွင့်တောင်း​နေလို့ "

"အော်...ရပါတယ် ကျန်းချန် နေပျော်သလောက်နေပါ"

"နေပျော်သလောက်နေလို့မရပါဘူး သူမှာအလုပ်ရှိသေးတယ် ဟုတ်တယ်မလားကျန်းချန်"

"ဟမ်! အင်း"
ကျန်းချန်တစ်ယောက် ရိပေါ်ပြောတာကိုအူတူတူနဲ့ခေါင်းငြိမ့်လိုက်လေသည်။

"ဟို..အဲ့တာဆိုမင်းတို့သူငယ်ချင်းနှစ်ယောက်စကားပြောကြအုန်းလေ ငါနောက်မှာဟင်းသွားချက်လိုက်အုံးမယ်"

"အင်း သွားလေ ရှောင်းကျန့်"

"......"
ရိပေါ် မင်းလက်ကိုငါ့ခါးပေါ်ကဖယ်ပေးအုံးလေ...
ရှောင်းကျန့်ရိ​ပေါ်ကိုတိုးတိုးတိတ်တိတ်ပြောရလေသည်။ ဟုတ်သည်လေ....သွားလို့တာပြောခါးပေါ်ကလက်ကမဖယ်ပေးဘဲ ဘယ်လိုသွားရမည်လည်း...ပြီးရင်ဧည့်သည်လဲရှိနေတာကို ရှက်စရာ...

A chance to change the past (Complete)Where stories live. Discover now