{1}

796 43 1
                                    


" ဗျာ....အဖေ!!..... "

" ဗျာအဖေ..မလုပ်နဲ့...မင်းကိုမိဘတွေက ကောင်းစေချင်လို့ လက်ထပ်ပေးတာ...ငြင်းမယ်မကြံနဲ့ ကင်မ်ထယ်ယောင်း!!!... "

လေသံကျယ်ကျယ်ဖြင့်အော်ကာ ထိုင်နေရာမှထသွားပါသော ကျွန်တော်ရဲ့အဖေဖြစ်သူ..။ ဒီလိုပါပဲဗျာ မိဘတွေကသူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ရင် ဒေါပွတတ်ကြတာပဲလေ...။

ဒါပေမဲ့ ဒီကိစ္စကြီးကိုတော့ကျွန်တော်လက်မခံနိုင်ပါဘူး...။ ဘယ့်နှယ့် ကျွန်တော်ကို တစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက်နဲ့လက်ထပ်ပေးမလို့တဲ့လေ...။ အခုမှ ကျွန်တော် ကျောင်းပြီးတာမလို့ လူငယ်တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်နေချင်ပါတယ် ဆိုမှဗျာ...။ ဟင်း...ကျွန်တော်ဘ၀ကတကယ်မလွယ်ဘူး... ။

ဘေးမှာထိုင်ကာ စာဖတ်နေတဲ့အမေကို တွေ့ပြီးကျွန်တော်အကြံတစ်ခု ရသွားသည်။ အမေကကျွန်တော်ကို အလိုလိုက်တယ်ဆိုတော့ ကျွန်တော်နည်းနည်းပါးပါး Drama ခင်းပြလိုက်ရင် ကျွန်တော်ဘက်ပါလာပြီး ဒီလက်ထပ်မဲ့ကိစ္စကို တားမှာပဲ..။
အလိုလေး....အတော်ဉာဏ်ကောင်းလိုက်တဲ့ငါပါလား...

မျက်နှာကို ငိုမဲ့မဲ့ရုပ်လုပ်ပြီး ချောင်းတစ်ချက်ဟန့်ကာ ကျွန်တော်အမေ့နားတိုးသွားလိုက်သည်။ ကျွန်တော်အမေ့လက်ကိုကိုင်ကာ အာပြဲကြီးဖြင့် ငိုဖို့ပြင်လိုက်တဲ့အချိန်မှာပဲ....

" တော်တော့သား....အမေ့ကိုဇာတ်ကွက်တွေလာခင်းမပြနေနဲ့တော့...သားအမေ့ကိုဘယ်လိုပြောပြောအမေကတော့လက်ထပ်ပွဲကိုရအောင်လုပ်မှာပဲ.. "

ထို့သို့ပြောပြီး အဖေအတိုင်းပဲ ထထွက်သွားပါသော အမေ...။ ငိုဖို့လုပ်ထားတဲ့ ကျွန်တော်တောင် တောင့်တောင့်ကြီးကျန်ခဲ့တဲ့အဖြစ်..။ ဘာလဲ...အမေနဲ့အဖေက ကျွန်တော်အတွေးကို ကြိုသိနေတာလား..ဘာလား..။

ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ရေခဲသေတ္တာကိုဖွင့်ကာ ကိုလာတစ်ဘူးကိုယူသောက်လိုက်သည်။ သောက်နေတုန်း တွေးမိတာက ကျွန်တော်မဂ်လာပွဲပြီးရင် ရောက်လာမယ့်..မဂ်လာဦးညအကြောင်းကို။ ဟိုဘက်က ကျွန်တော်နဲ့ယူရမယ့် လူကိုတစ်ခါမှမမြင်ဖူးပေမဲ့ အဖေနဲ့အမေတို့ပြောပုံအရ ထိုလူက အထက်ပုဂ္ဂိုလ်ဖြစ်နိုင်တယ်..။ အဲ့တော့ ဘာလဲကျွန်တော်က b ထိုင်ရမှာလား..။ လဲသေလိုက်...သေတောင်ကျွန်တော်က အပေါ်ကတက်ချမှာ ဒါပဲ... ။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now