{16}

235 15 2
                                    


လက်ထပ်ပွဲမရောက်ခင်တစ်ရက်အလို..

" သခင်လေး ဒါမဂ်လာပွဲကြရင် ၀တ်ရမယ့် ၀တ်ရုံတော်ပါ.. "

" အော်... အွန်းအွန်း "

အထိန်းတော်မီက တက်ကြွစွာ မဂ်လာပွဲကြရင် ၀တ်ရမယ့်ဟာတွေ လုပ်ရမယ့်ဟာတွေကို ပြောပြနေပါသော်လည်း ကျွန်တော်ကတော့ ပျင်းရိစွာ အိပ်ယာပေါ်တွင် ဘေးတစ်စောင်းလှဲကာ အထိန်းတော်မီပြောသမျှကို လိုက်ကြည့်နေလေသည်။

" မဂ်လာပွဲပြီးရင် သခင်လေးက ဘီဆန်မယ်မယ်ကို ဂါ၀ရပြုပြီး မင်းကြီးနဲ့ ညီလာခံအတူတူတက်ရပါမယ် "

အထိန်းတော်မီပြောသော စကားများထဲမှ ကျွန်တော် မကြားဘူးသော နာမည်တစ်ခုအား ကြားလိုက်ရသည်။

" ဘီဆန်မယ်မယ်?.. "

" ဘီဆန်မယ်မယ်ဆိုတာ အရင်မင်းကြီးရဲ့ ဒုတိယမြောက် မိဘုရားပါ သခင်လေး.. "

" ဒုတိယမြောက် မိဘုရား...? ကျွန်တော်လည်း မကြားဖူးပါဘူး "

" ဘီဆန်မယ်မယ်က မင်းကြီးနန်းစတက်ကတည်းကနေ အခုထိ အိပ်ဆောင်ထဲမှာသာ နေခွင့်ရှိပြီး အပြင်ကိုလုံး၀ ထွက်လို့မရပါဘူး.. "

" ဘာလို့လဲ.. "

" မင်းကြီးအမိန့်ကြောင့်ပါ.. မင်းကြီးက ဘီဆန်မယ်မယ်ဆီ တစ်ခါမှ သွားတောင် မတွေ့ခဲ့ဖူးပါဘူး.. "

အထိန်းတော်မီစကားကြောင့် ကျွန်တော်အံသြမိပါသည်။ ဂျောင်ကုက သူ၏အမေအကြောင်းကိုသာ ကျွန်တော့်ကိုပြောပြလေ့ရှိပေမဲ့ ဘီဆန်မယ်မယ်ဆိုတဲ့ ဒုတိယမြောက်မိဘုရား အကြောင်းကိုတော့ တစ်ခွန်းမှတောင်မဟခဲ့။

နောက်ပြီး ဂျောင်ကုက ဘာလို့ နန်းစတက်ကတည်းက ဘီဆန်မယ်မယ်ကို အမိန့်ချပြီး အခန်းထဲကနေအပြင်ကို မထွက်ခိုင်းခဲ့တာလဲ။ ဂျောင်ကုနန်းတက်တဲ့အချိန်တုန်းက ငယ်ငယ်လေးပဲရှိသေးတာကို ဒီလို ရက်စက်လှတဲ့ အမိန့်ကိုချခဲ့တာလဲ မသိ။

" ဘီဆန်မယ်မယ်က သခင်လေးကို စေလွှတ်ခိုင်းလိုက်ကြောင်းပါ.. "

အခြွေရံမလေးရဲ့စကားသံကြောင့် ကျွန်တော် ရင်ထဲဗလောင်းဆူသွားရသည်။ ကျွန်တော်နဲ့ မသိ မရင်းနှီးတဲ့ မိဘုရားတစ်ယောက်က ကျွန်တော်နှင့်တွေ့ချင်သည်တဲ့လေ။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now