{2}

399 32 1
                                    

" ဘာ..!! ဂျို..ဂျိုဆွန်ခေတ်?.. "

ကျွန်တော် 10ခါပြန် အံသြမိသည်။ ဘယ်လိုလုပ်ပြီးကျွန်တော်က ဂျိုဆွန်ခေတ်ကိုရောက်သွားရတာလဲ..? ။ ဒါမှမဟုတ် အချိန်ပြောင်းပြန်လည်နေတာလား..?
မဖြစ်နိုင်ပါဘူး...။ အချိန်ပြောင်းပြန်လည်တာတို့ အချိန်ခရီးသွားတာတို့ဆိုတာ အဂ်လိပ်ကားတွေထဲမှာပဲ ရှိတာလေ..။ ဒါမှမဟုတ်ဟိုကောင်လေး လိမ်ပြောနေတာလား..။

" ဟျောင့်...မင်းမှန်မှန်လိမ်...အဲ..ဟုတ်ပါဘူး...မှန်မှန်ပြော လို့ပြောတာ.. "

ကျွန်တော်မေးနေတာကို ထိုကောင်လေးမှ ခေါင်းကုတ်ပြီး မျက်စိကလယ်ကလယ်နဲ့..

" ကျွန်တော်မလိမ်ပါဘူးသခင်လေး... အမှန်အတိုင်းပြောတာပါ... "

ထိုကောင်လေးကြည့်ရတာလည်း အူတူတူနဲ့ လိမ်နေပုံမရပါဘူး..။ ဒါဆို ကျွန်တော်တကယ်ပဲ ဂျိုဆွန်ခေတ်ကိုရောက်နေတာပေါ့..။

" ဗြဲ.....ငါဂျိုဆွန်ခေတ်ကိုရောက်နေတာပေါ့..ဗြဲ..ဟင့်အင်း... "

ခြေအထောက်နှစ်ဖက်ကို အားနဲ့ကန်ပြီး အာပြဲကြီးနဲ့ မရှိတဲ့မျက်ရည်ကိုကျွန်တော် ညှစ်ထုတ်နေမိသည်။ ဘာလဲ ကျွန်တော်ကဒီလို ဖုန်းမရှိ TVမရှိ တဲ့ခက်ပေါပေါနေရာမှာနေရမှာလား..။
မစနဲ့နော်...ငါငိုချင်လာပြီ..

" ဗြဲ....အကိုလေး ခေါင်းထိပြီးဘာမှမသိတော့ဘူးလား...ဗြဲ....အကိုလေးသနားပါတယ်.. "

ကျွန်တော် ငိုနေရင်း အနောက်ကလိုက်ငိုတဲ့ ထိုကောင်လေး..။ ကျွန်တော်ထက် ၂ဆကျယ်တဲ့အသံနဲ့ အော်ငိုနေတာဗျာ..။ မျက်ရည်တွေကလည်း ဘူးသီးလုံးလောက်ကျနေရော...
ကျွန်တော်လည်း ထိုကောင်လေးကိုမသိပေမဲ့ သူငိုနေတာနားညီးတာကြောင့်...

" ဟိတ်..ဟိတ်..တိတ်တော့...နားညီးတယ် "

" ဟုတ်သခင်လေး...ဟင့်.. "

ထိုကောင်လေးက ကျွန်တော်ကိုသခင်လေးလို့ခေါ်တာပဲ..။ အင်း....အဲ့တာဆိုသူက ကျွန်တော်ရဲ့ အခြွေရံတစ်ယောက်ဖြစ်ရမယ်။ ကျွန်တော်လဲ နန်းတွင်းကားတွေကြည့်ဖူးတော့သိတာပေါ့ဗျာ..။
ဒါနဲ့ ထိုကောင်လေးက ကျွန်တော်ရောက်နေတဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်အကြောင်းသိမယ်ထင်တယ်...။ နည်းနည်းစပ်စုကြည့်မှ...

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now