" ဒီနားမှာလူရှိကြလား.....!!!! "
ကျွန်တော်အော်ခေါ်နေပါသော်လည်း ဘာသံမှမကြားရ။ အခုဆိုကျွန်တော်ရေထဲမှာနေတာ 2နာရီလောက်ရှိပြီ။ ကုန်းပေါ်တက်ချင်ပေမဲ့ အ၀တ်အစားတွေကမှမရှိ။ ပြန်တွေးကကြည့်ရင် ဟိုတော၀က်ကိုပဲဒေါသထွက်မိတယ်။ အဲ့၀က်ကြောင့်သာမဟုတ်ရင် ကျွန်တော်အိမ်ကိုပြန်ရောက်နေလောက်ပြီပေါ့ ။
" အာ...ချမ်းလိုက်တာ "
တစ်ဖြေးဖြေး လေးအေးတွေကတိုက်ခက်လာတော့တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ရေထဲမှာကြာကြာနေရင်း လေဖြတ်ပြီးသေသွားရင် ဒုတ္ခ။ လေဖြတ်ရင်ပါးတွေရွဲ့ ပြီးရုပ်ဆိုးဆိုးကြီးဖြစ်နေမှာ။ ဒါတော့လက်မခံနိုင်ပါဘူး ကျွန်တော်က စောက်ချောကြီးမလားး။
ဒီတောထဲမှာအကူအညီတောင်းရမယ်သူတောင် မရှိဘူး။ ဂျောင်ကုတော့ရှိပါတယ်။ ဒါပေမဲ့သူ့ကိုစောင့်ရင် လေဖြတ်ပြီး မာလကီးယားးတန်းဖြစ်သွားမှာ ပြောစရာကိုမလို။ တကယ်ရူးချင်တာပါပဲ....။
" ရား...!!!ကယ်ကြပါအုံး..!! "
အခုအချိန် ကျွန်တော့် ကိုယ်စောင့်နတ်ဆိုတဲ့ အဖိုးကြီးလဲဘယ်မှာသေနေလဲမသိ။ တကယ်ဒုတ္ခရောက်နေတော့ လာမကယ်ဘူး ဟင်း...။
" လူရှိလား...!!ကယ်ကြပါအုန်း "
ကျွန်တော်အော်နေရင်း အ၀ေးတစ်နေရာကနေပြေးလာတဲ့လူတစ်ယောက်ကိုတွေ့လိုက် ရသည်။ ကျွန်တော်ဆီကို ပြေးလာတာထင်တယ်။ တစ်ဖြေးဖြေးနီးလာတော့ ကျွန်တော်ထိုလူကိုသေချာကြည့်မိသည်။ နောက်မှထင်ထင်ရှားရှားတွေ့လိုက်ရပါသော.....
" ဂျောင်ကု!!.. "
" ထယ်ယောင်း!!...ရေနစ်နေတာလား "
ဂျောင်ကုမှစိုးရိမ်နေတဲ့ လေသံနဲ့ကျွန်တော့်ကိုလာမေးသည်။ တော်ပါသေးတယ် သူဒီနေ့ပြန်လာတာစောလို့ ။
" ရေနစ်နေတာမဟုတ်ဘူး... ဟို... "
ကျွန်တော်ဂျောင်ကုကို ဖြစ်တဲ့ကြောင်း ပြောပြဖို့ နည်းနည်းမျက်နှာပူမိသည်။
" ပြောလေ...ဘာဖြစ်တာလဲ "
" ဟို...ကျွန်တော်ရေချိုးနေတုန်း အကျီတွေကို တော၀က်တစ်ကောင် လာဆွဲသွားတာ အခု၀တ်စရာမရှိတော့ဘူး ကူညီပါအုန်းဂျောင်ကု "
YOU ARE READING
𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈
FanfictionKim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက်နဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်မယ့်နေ့မှာပဲ Taehyungတစ်ယောက် ကြေကွဲကာ သူမသောက်နိုင်တဲ့ အရက်တွေသောက်ပြီး လမ်းဖြတ်ကူးရာမှ "အုန်း" ကနဲဆို...