{5}

292 27 1
                                    

" လိုရင်းကတော့...သခင်လေးကို မင်းကြီးက မိဘုရားနေရာ တင်မြှောက်ရန် နန်းတော်သို့ စေလွှတ်ခိုင်းလိုက်ကြောင်းပါ.. "

" ဘာ!! "

ကျွန်တော် ဆိုဟွန်းပြောတာကြားပြီးပြီးချင်း ကိုယ့်နားတောင်ကိုယ်မယုံနိုင်..။ ဘာတဲ့...ကျွန်တော်ကို မိဘုရားနေရာတင်မြှောက်မယ်တဲ့လား...။

" မင်း...မင်းလျှောက်မပြောနဲ့နော်...ငါကယောကျာ်းလေးလေ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. "

ကျွန်တော်ပြောတော့ ဆိုဟွန်းကလည်း မျက်နှာငယ်လေးနဲ့...

" ကျွန်တော်လဲမလွန်ဆန်နိုင်ပါဘူး...မင်းကြီးရဲ့အမိန့်ဖြစ်တဲ့ အတွက်ကြောင့်... "

ကျွန်တော် ဒီနေရာမှာတင် ငိုချင်လာသည်။ ဟိုဘ၀မှာတုန်းက လက်မထက်ချင်လို့ ဒီဘ၀ရောက်လာတော့လည်း မင်းကြီးတော်ကောက်တာ ခံရအုန်းမှာတဲ့လား...။ ဘယ်လိုတွေတောင်လဲ...

" ငါနန်းတော်ထဲကို မသွားချင်ဘူးဆိုဟွန်း....မင်းကြီးကိုလည်းမယူချင်ဘူး... "

" သခင်လေး...မင်းကြီးအမိန့်ကိုလက်မခံလို့မရပါဘူး... "

" ဘာလို့လက်မခံလို့ မရ ရမှာလည်း...လက်မခံတော့ငါချောသွားမှာမို့လို့လား... "

" မင်းကြီးအမိန့်ကို လက်မခံသူတိုင်း ခေါင်းဖြတ် သုတ်သင်ကြောင်းပါသခင်လေး "

ဆိုဟွန်းစကားကြောင့် ကျွန်တော် လည်ပင်းတောင် ယားလာသလို...။ ထပ်ပြောရင်လည်း ခေါင်းပြတ်ပြီး အနိစ္စရောက်နေမှဖြင့် ။

" သခင်လေး..နန်းတော်ကနေ လှည်းယဥ်တစ်စီး စေလွှတ်လိုက်ပါတယ်..သခင်လေးနန်းတော်ကိုကြွချီတော်မူပါတော့မလား.. "

စိတ်ညစ်ရတဲ့ထဲ ကျွန်တော်ကိုခေါ်ဖို့နန်းတော်ကလှည်းပါ ပို့ပေးလိုက်တယ်ဆိုတော့ ဒါသက်သက်ကျွန်တော့်ကိုရွဲ့တာ..။ ဒီအရှုပ်ထုပ်နန်းတော်ထဲ တကယ်မသွားချင်ဘူး......တကယ်ကိုပဲ....။

ကျွန်တော် အသက်မရှိတော့သလို ကုတင်ပေါ် ဆောင့်ဆောင့်ထိုင်ချလိုက်သည်။ နန်းတွင်းကားတွေထဲကလို ရုပ်ဆိုးဆိုးမင်းကြီးကို ကျွန်တော်ယူရတော့မှာလား..။ မဖြစ်ဘူးတစ်ခုခုကြံမှ...။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now