{20}

252 18 0
                                    

" အထိန်းတော်မီ... "

" ပြောပါသခင်လေး.. "

" အချစ်ဆိုတာဘာလဲ "

ကျွန်တော် လက်ထဲမှ ပန်းသီးလေးအား တစ်ကိုက်ကိုက်ကာ အထိန်းတော်မီအား မေးလိုက်သည်။ သို့သော်လည်း အတော်ကြာတဲ့အထိ အထိန်းတော်မီဆီမှ အသံထွက်မလာ။

" အထိန်းတော်မီသိလား..? "

" ကျွန်တော်မျိုးမက အပျိုကြီးဆိုတော့ ဒါတွေမသိပါဘူး သခင်လေး.. "

" ဟုတ်သားပဲ ဟီးး... "

ကျွန်တော်သဘောတစ်ကျ ရီလိုက်မိသည်။ တကယ်ပဲ အပျိုကြီးကိုအချစ်ကြောင်း သွားမေးရတယ်လို့။

အချစ်ဆိုတာနဲ့ ဂျောင်ကုဆိုသော ကျွန်တော့်ရဲ့ မူပိုင် ဂျွန် အား သတိရသွားမိသည်။ ဂျွန်ကို မနက်ကတည်းက မတွေ့ရသေး။ အခုရော ဘယ်ရောက်နေလဲမသိ။

" အထိန်းတော်မီ ဂျွန်ကော.. "

" ဂျွန် ဆိုတာ မင်း..မင်းကြီးကို ပြောတာလား သခင်လေး.. "

" ဟုတ်တာပေါ့ဗျာ "

အထိန်းတော်မီမှ အားကျသလို အပြုံးကြီးပြုံးကာ..

" မင်းကြီးက တော်၀င်ခန်းမဆောင်ထဲမှာ မအားပါဘူး သခင်လေး "

" မအားဘူးတဲ့လား.. ဘာမှမစားရသေးဘူးထင်တယ် "

" ထင်ပါတယ်သခင်လေး.. "

ကျွန်တော် ဂျွန် အတွက်စိတ်ပူသွားမိသည်။ မနက်အစောကြီးထပြီး နန်းတွင်းအရှုပ်အထုပ်တွေ လိုက်ဖြေရှင်းနေရတဲ့ ဂျွန်မှာ တော်တော်ပင်ပန်းမယ်မှန်း ကျွန်တော်ကိုယ်ချင်းစာပါသည်။

ဒါပေမဲ့ ဘာမှမစားရသေးတာတော့ မဟုတ်သေးပါဘူး..။ ကျွန်တော့်ရဲ့မင်းကြီး သန်မာတယ်ဆိုတာ သိပေမဲ့ မတော်လို့ အားပျက်သွားရင် ဒုတ္ခ..။

" အထိန်းတော်မီ.. မင်းကြီးအတွက် တစ်ခုခုပြင်ပေးပါလား.. ကျွန်တော်သွားပို့ပေးမလို့ "

" ဟုတ်ကဲ့ပါသခင်လေး.. "

အထိန်းတော်မီမှ အမြန်ပင် အခန်းထဲမှ ထွက်သွားသည်။ ကျွန်တော်လည်း ဂျွန်ဆီကို သွားရမှာဖြစ်တဲ့အတွက် သပ်သပ်ရက်ရက်ရှိပြီး ကြည့်ကောင်းတဲ့ ၀တ်ရုံတော် တစ်စုံ ကို ပြောင်း၀တ်ဆင်လိုက်သည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now