{15}

266 19 1
                                    

" အခြေအနေ အဆင်ပြေရဲ့လား.. ကြင်ယာတော်ကင်မ် "

အဖေဖြစ်သူ အဖိုးကြီး၏ စကားကြောင့် ကျွန်တော့်မှာ တစ်ကိုယ်လုံး ရေခဲရိုက်ထားသလို တောင့်ကနဲ။

" ဘာ...ဘာတွေလာမေးနေတာ..လဲ "

" ရှက်နေပုံအရဆိုရင် ဟုတ်နေပါပြီ "

ထင်ချင်ရာဇွှတ်ထင်နေသော ထိုအဖိုးကြီးကြောင့် ကျွန်တော်မှာ အမှန်တရားအား ပြောပြရန် အစီစဥ်မရှိတော့။ ထင်ချင်ရင်လည်းထင်ချင်စရာ ဘုရင်တစ်ယောက်က သူနဲ့လက်ထပ်ရတော့မယ့် ကြင်ယာတော်ရဲ့ အိပ်ဆောင်မှာ လာအိပ်တယ်ဆိုကတည်းက အမှန်တရားကို ပြောရရင်လည်း ဘယ်သူ့မှ ယုံမည့်ပုံမပေါ်။

" ဟုတ်တယ်ဆိုရင်ကော.. ဒီလောက်ထိကျွန်တော့်ကိုယ်ရေးကိုယ်တာကို တစ်ကူးတစ်က လာမေးရတာ ဘာကြောင့်ပါလဲ.. "

" အဖေက ဒီအတိုင်းသိချင်လို့ပါ "

ခုနတုန်းကထပ်ပိုပြီး ရွှင်လန်းသွားသော ထိုအဖိုးကြီး မျက်နှာမှာ ရွှေတုံးကောက်ရထားသလို။ လူတွေနဲ့တော့ ခက်ပါတယ်... ကျွန်တော်နဲ့ ဂျောင်ကုက ရိုးရိုးသားသားပါဆို..။

" ဒါဆို အဖေ့ကို ပြန်ခွင့်ပြုပါအုန်း "

ထိုအဖိုးကြီးစကားအား အသိအမှတ်ပြုသလို ခေါင်းညိမ့်ပြလိုက်သည်။ ထိုအဖိုးကြီး အခန်းထဲမှထွက်သွားသည်နှင့် ခေါင်းထဲရောက်လာသော မနေ့ညက အဖြစ်အပျက်တစ်ချို့။

" အထိန်းတော်မီ!! "

ကျွန်တော်အော်ခေါ်လိုက်သည်နှင့် အခန်းထဲ ပြေး၀င်လာပါသော အထိန်းတော်မီ ။

" အမိန့်ရှိပါသခင်လေး.. "

" ဟိုဟာလေ... မင်းကြီးမှာ အမေရှိသေးလား "

ကျွန်တော့်စကားအားကြားပြီး အထိန်းတော်မီမှာ မျက်လုံးအနည်းအငယ်ပြူးသွားသည့်ဟန်။ ကျွန်တော်လည်း ကိုယ့်စကားကိုယ် နည်းနည်းဆင်ခြင်ပြီး။

" မိဘုရားခေါင်းကြီးလို့ပြောတာ... "

" ကျွန်...ကျွန်တော်မျိုးမ ပြော..ပြော ပြလို့မရပါဘူး သခင်လေး.. "

" ဘာလို့လဲ.. "

အထိန်းတော်မီမှာ စကားတွေထစ်ကာ မျက်လုံးများမှာလည်း ဂဏှာမငြိမ်သည်မလို့ တစ်ခုခုထူးဆန်းနေမှန်း သိလိုက်ရသည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now