{13}

265 25 2
                                    

ညီလာခံခန်းမဆောင်၌ များပြားစွာတည်ရှိနေသောအမတ်များနှင့် အခြွေရံတော်များ..။

ပလ္လင်ပေါ်မှ မင်းကြီး၏ စူးရှလှသော အကြည့်များနှင့် ပြတ်သားလှသော စကားသံတို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မှပင် မလှုပ်ရဲကျ။

မင်းကြီး၏ နက်မှောင်စူးရှလှသော အကြည့်တို့မှာ တစ်ချက်ဆုံမည့်သည်နှင့် ဤနေရာ၌ပင် ပြာကျသွားနိုင်ဖွယ်ရှိသည်။

တည်ကြည်သော စကားသံတို့မှာ လူတစ်ယောက်ကိုတောင် အမိန့်ပေးစေခိုင်း နိုင်သည့် အစွမ်းအစပင်ရှိလေသည်။

တိုင်းရေးပြည်ရေး ကိစ္စအ၀၀အားတင်ပြပါသော အမတ်တို့သည်လည်း သူတို့ပါးစပ်မှ ထွက်ရှိလာပါသော စကားလုံးတိုင်းအား သေချာဆင်ခြင်စွာ ပြောဆိုရသည်။

မတော်လို့ တစ်စုံတစ်ရာအမှားပါခဲ့လျှင်ရှိသော် မင်းကြီးသည် မည်သူမှမငဲ့မညှာပဲ သူတို့အား ခေါင်းဖြတ်သုတ်သင်ပစ်လိမ့်မည်။
အမတ်များတင်မကပဲ မည်သူမဆို မင်းကြီးအား စေ့စေ့ပင်မကြည့်ရဲသလို စကားပင်ဖြောင့်တန်းအောင်မပြောရဲ.. ။

မင်းကြီး ဘယ်လောက်ရက်စက်သည်ကို သူတို့ကိုယ်တိုင်မြင်ဖူး တွေ့ဖူး ကြလေတော့ ကြောက်ကြတာလည်းမစမ်းတော့..။

သို့သော် မင်းကြီးသည်တိုင်းပြည်ရေးကိစ္စများနှင့် တိုက်ရေခိုက်ရေ ပညာရပ်များတွင် အလွန်ထူးချွန်ထက်မြတ်လွန်းလှသည်။

တိုင်းသူပြည်သားများအား စားနပ်ရိက္ခာအပြည့်အစုံနှင့် ဘေးဒုတ္ခအပေါင်းမှ ကင်းရှင်းနိုင်ရေးအတွက်လည်း မင်းကြီးသည် အဘက်ဘက်က တာ၀န်ယူ ဆောင်ရွက်သည်။

ထို့ကြောင့်ယခု ဘုရင်ဂျွန်အုပ်ချုပ်သော ကာလအတွင်း တိုင်းပြည်ကြီးသည် မည်သည့်ဆင်းရဲဒုတ္ခမှ မရှိတော့ပဲ ကောင်းကောင်းမွန်မွန်ဖြင့် သာသာယာယာရှိလှသည်။

တိုင်းသူပြည်သားများကလည်း မင်းကြီးအား ချစ်ခင်ကြသည်။ လေးစားကြသည်။

သို့သော် တိုင်းသူပြည်သားများသည် မင်းကြီး၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာတစ်ဖက်ကမျက်နှာဖုံးကိုတော့ မမြင်ကြရှာပါ။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now