Final

513 35 7
                                    

ဆိုး၀ါးစွာလှသော ဆေးအနံ့တစ်ချို့။

တစ်ချက် တစ်ချက် ကြားနေရပါသော စကားပြောသံများ။

" ဆရာ... သားလေး သတိရလာပြီ.. "

" အခြေအနေလေး ကြည့်ပေးပါအုန်း ဒေါက်တာ "

ရင်းနှီးသည့် စကားသံများ ။

မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိရာ စူးရှလှသော အလင်းရောင်တို့ကြောင့် မျက်လုံးများ ပြန်မှိတ်လိုက်မိသည်။

အားယူ၍ မျက်လုံးများ ဖွင့်ကြည့်မိရာ မရင်းနှီးသည့် အဖြူရောင်မျက်နှာချက်။

ဘေးသို့လှည့်ကြည့်မိတော့ မျက်ရည်များဖြင့် နှစ်လိုဖွယ်အပြုံးများ ပန်ဆင်ထားပါသော အဖေနဲ့အမေ။ ကျွန်တော့်အား ကြည့်နေလေသည်။

" လူနာရဲ့ အခြေအနေက စိုးရိမ်စရာမရှိတော့ပါဘူး... ဒါပေမဲ့ လူနာခေါင်းကပတ်တီး မဖြည်မချင်း ဆေးရုံကဆင်းလို့မရသေးပါဘူး.. "

" ဟုတ်ကဲ့ပါ ဒေါက်တာ... "

" ခဏနေကျရင် လူနာအတွက် စားစရာအချို့နဲ့ ဆေး လာပို့ပါလိမ့်မယ်... ကျွန်တော် ဂျူတီချိန်ရှိသေးတာမလို့ ခွင့်ပြုပါအုန်း "

ဒေါက်တာထွက်သွားသည်နှင့် အမေသည် ကျွန်တော့်အား မျက်ရည်များဖြင့် လာဖက်သည်။

" သားရယ်.. အမေတို့ကိုခွင့်လွှတ်ပါ.. သားလက်မခံခဲ့တဲ့ လက်ထပ်ပွဲကို အတင်းလုပ်ခဲ့လို့ သားဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတာ.. "

အမေစကားကြောင့် ကျွန်တော်ငြိမ်သက်နေမိသည်။ အခု ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်ဘူးလား..။

တကယ်တမ်း ကျွန်တော်က ဂျွန်နဲ့အတူရှိနေရမှာလေ

" အ.. အမေ.. အခု ကျွန်တော်အိပ်မက်မက် နေတာမဟုတ်ဘူးလား ဟင်? "

" အိပ်မက်မဟုတ်ပါဘူး.. သားရဲ့တကယ့်လက်တွေ့ဘ၀ပါကွယ် "

ကျွန်တော်မယုံကြည်နိုင်သေး...။ စားပွဲပေါ်၌ တင်ထားသော ဖုန်းအား ယူကာ ဖုန်း Screen မှာပေါ်နေသော နေ့စွဲကြောင့် ကျွန်တော် ထိတ်လန့်သွားရသည်။

ဒါဆို ဂျွန်ကော!!.. ဂျွန် ကိုကျွန်တော်ထားခဲ့မိပြီလား!!

ထိုအချိန် ဇာတ်တိုက် အတွေးထဲသို့ ၀င်ရောက်လာသည့် အဖြစ်အပျက်တစ်ချို့။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now