{12}

274 20 5
                                    


" အထိန်းတော်မီ...မင်းကြီးကဘာလို့ ကျွန်တော့်ကို စာကြည့်ခန်းမဆောင်ထဲ ခေါ်ရတာလဲ "

" ကျွန်တော်မျိုးမလည်း မသိပါဘူး... အရင်ကဆို ဒီအချိန်ရောက်တိုင်း မင်းကြီးက စာကြည့်ခန်းမဆောင်မှာ စာကြည့်လေ့ရှိပါတယ် သခင်လေး.. "

" အော်... "

ကျွန်တော်လည်း အထိန်းတော်မီစကားအား နားထောင်နေမိသည်။ ဒါဆိုဘာလို့ ကျွန်တော့်ကို ခေါ်ရတာလဲ။ သူဟာသူ စာဖတ်စရာရှိတာမဖတ်ဘူး... ကျွန်တော့်ကိုခေါ်ပြီး ဘာလုပ်အုန်းမလဲမသိ။ လူက အိပ်ချင်နေပါတယ်ဆိုမှ.... မင်းကြီးစုတ်ပလုတ်...။

ကျွန်တော် အထိန်းတော်မီနဲ့ စာကြည့်ခန်းမဆောင်ဘက်သို့ လိုက်သွားလိုက်သည်။
ခဏအကြာ လူနှစ်ရပ်စာလောက်ရှိသော တံခါးကြီးအရှေ့တွင် အထိန်းတော်မီ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

" မင်းကြီး... သခင်လေးရောက်ရှိတော်မူကြောင်းပါ "

" ကြင်ယာတော်ကင်မ်ပဲ ၀င်လာခဲ့ပါ "

တံခါးကြီးအတွင်းပိုင်းမှ အေးစက်စက်လေသံဖြင့် တည်ငြိမ်စွာပြောလိုက်သော ဂျောင်ကုစကားသံကြောင့် ကျွန်တော်လည်း တံခါးအကြီးကြီးကို ဖွင့်ကာ အထဲသို့၀င်လာခဲ့လိုက်သည်။

၀င်၀င်ချင်းတွေ့လိုက်ရသည်မှာ ကျွန်တော့်ကိုပြုံးပြီး ကြည့်နေသော ဂျောင်ကုကို။ လက်ထဲမှာလဲ စာအုပ်တစ်အုပ်နှင့်။

" ကြင်မ်ယာတော်ကင်မ် ရောက်ပြီလား "

" အဲ့နာမည်ကြီးမခေါ်စမ်းပါနဲ့... နှစ်ယောက်ထဲရှိတာပဲ လွတ်လွတ်လပ်လပ်ပဲခေါ်ကြတာပေါ့ "

ကျွန်တော့်စကားအဆုံး ဂျောင်ကုက ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်ကာ ကျွန်တော့်ကိုလဲ လာထိုင်ရန် လက်ဟန်ပြသည်။ ကျွန်တော်လည်း အလိုက်တစ်သိ ဂျောင်ကုဘေးနား တစ်နေရာတွင်၀င်ထိုင်လိုက်သည်။

" ဒါနဲ့ ကျွန်တော်ကို ခေါ်တာဘာပြောမလို့လဲ "

" ကိုယ်က ပြောစရာရှိမှ ခေါ်ရမှာလား "

ချက်ချင်း ကျွန်တော့်မေးဖျားလေးကို ကိုင်ကာ မျက်နှာကြီးအရှေ့တိုးလာပါသော ဂျောင်ကုကြောင့် ရင်ထဲရထားအစီး၅၀၀လောက်ဖြတ်မောင်းသွားသလို ၀ုန်း၀ုန်းဒိုင်းဒိုင်း ဖြစ်သွားရသည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now