{14}

247 19 1
                                    

" အော်..မအိပ်သေးဘူးလား ကိုယ်ကအိပ်နေပြီထင်တာ.. "

အခန်းထဲသို့ ဘယ်သူ့ခွင့်ပြုချက်မှမယူပဲ ၀င်လာပါသော ဂျောင်ကု...။ အထိန်းတော်မီမှာလည်း ဂျောင်ကုကို ကြောက်ကြောက်လန့်လန့်ကြည့်ကာ အရိုအသေပေးပြီးထွက်သွားလေပြီ။

" ခင်ဗျားဘာလာလုပ်တာလဲ.. "

" ကိုယ်ကမင်းနဲ့အိပ်မလို့လေ.. "

ပြောရင်းဆိုရင်း ကျွန်တော်ထိုင်နေသော အိပ်ယာပေါ်သို့ လှဲချလိုက်သော ဂျောင်ကုကြောင့် ကျွန်တော့်မှာ အလိုအလျောက် အိပ်ယာဘေးသို့ ကပ်သွားမိသည်။

" ခင်..ခင်ဗျားအခန်းမှာ ခင်ဗျားသွားအိပ်ပါလား... ဘာလို့ ကျွန်တော်ဆီလာအိပ်တာ.. "

" မင်းနဲ့အိပ်ချင်လို့... "

စကားဖြတ်ပြောလိုက်သော ဂျောင်ကုပါလေ..။ ကျွန်တော်နဲ့အိပ်ချင်တာက ထားပါ.. အိပ်ယာက သေးသေးလေးမို့ ဂျောင်ကုခန္ဓာကိုယ်နဲ့ပင် ပြည့်နေလေပြီ။ ကျွန်တော်ပါ အိပ်လိုက်လျှင် ကြားတိုးပေါက်တောင် ရှိတော့မှာမဟုတ်တော့..။

နောက်ပြီး ဂျောင်ကုက ကျွန်တော်နှင့် လက်ထပ်ရမယ့်သူ.. ။ မတော်လို့များ စိတ်မထိန်းနိုင်တာတွေ ဘာတွေဖြစ်လာရင် ကျွန်တော်ပဲ နစ်နာရမှာ.. ။

မဟုတ်ပါဘူး.. ဘာလို့ကျွန်တော်က နစ်နာရမှာလဲ.. နစ်နာရမယ့်သူကဂျောင်ကုပဲဖြစ်သင့်တာလေ.. ကျွန်တော်က ဖော်ရဲဘား တော့ခ်ပဲ..

" မင်းကို ကိုယ်ဘာမှမလုပ်ပါဘူး.. စိတ်ချလက်ချအိပ်လို့ရတယ် "

လှဲနေရင်း ပြောလိုက်သော ဂျောင်ကုစကားကြောင့် ကျွန်တော်ရီချင်မိသည်။ ကျွန်တော်ကကော သူလုပ်တာခံနေမယ် များထင်တာလားမသိ။

ကျွန်တော်လည်း ဂျောင်ကုဘေးမှာ ၀င်လှဲလိုက်ပြီး ဂျောင်ကုကိုကျောပေးထားလိုက်သည်။ စောင်ကတော့ တစ်ထည်ပဲရှိတာကြောင့် နှစ်ယောက်သားအတူခြုံထားရသည်။

ကျွန်တော်လည်း ဘာမှဂရုမစိုက်နိုင်တော့ပဲ ခုနကအိပ်ချင်နေသော အရှိန်ကြောင့် တစ်သိုးတည်း အိပ်ပျော်သွားခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

" ဟင်း...ဟမ်း.. "

နားထဲသို့ အသက်ရှူသံခပ်ပြင်းပြင်းအသံကြောင့် ကျွန်တော် နိုးလာခဲ့ရသည်။ အိပ်ချင်နေသော မျက်လုံးများမှာ မဖွင့်နိုင်သေးသော်လည်း ကြားနေရပါသော အသံကြောင့် ကျွန်တော်ထထိုင်လိုက်ရသည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now