{19}

243 13 2
                                    

" မသိချင်ယောင်ဆောင် မနေစမ်းပါနဲ့ ထယ်.. ကိုယ်တို့ ဒီည အတူစီးနင်း ကြရအောင်လား "

ရီ၀ေ၀ေအကြည့်များဖြင့် လူကို၀ါးစားမတတ်ကြည့်ကာ အုပ်မိုးထားပါသော ဂျောင်ကုကြောင့် ကျွန်တော့်မှာ မျက်လုံးလေးအပြူးသားဖြင့်။

" ကိုယ်တို့စကြမလား ထယ်? "

ဂျောင်ကုမှ မျက်လုံးတစ်ချက်မှိတ်ပြကာ ပြောလိုက်သောစကားကြောင့် ကျွန်တော်သတိတွေ ဖြန်းကနဲ ပြန်ရသွားတော့သည်။

" ဘာကိုစကြမလားလဲ.. ဂျောင်းတော့ နှာဘူး!! "

* အာ့!! *

ကျွန်တော်အားပါပါဖြင့် ဂျောင်ကုအား ထိုင်နေရာမှာ ဇတ်ကနဲ တွန်းချလိုက်သည်။ ဂျောင်ကုမှာတော့ သတိလက်လွတ်ဖြင့် ကုတင်ပေါ်မှ အောက်သို့ ပြုတ်ကျကာ ကြမ်းပြင်နှင့်တင်ပါး မိတ်ဆက် လေတော့သည်။

" ကိုယ့်ကို ဘာလို့တွန်းချတာလဲ ထယ်.. နာလိုက်တာကွာ "

" ခင်ဗျားကလူကိုအသားလာယူ တာကိုး.. ကျွန်တော် အဖြေတောင်မပေးရသေးဘဲနဲ့.. ခံရတာတောင်နည်းသေးတယ် ဟွန့် "

" ထယ်ရာ... "

နွေလယ်ခေါင်မိုကြိုး ပစ်ခံရသလို ရုပ်ကြီးနှင့် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ နာနေသည့်နေရာအား ဖိထားပါသော မင်းကြီးအရူး။ မသိရင် မွေးခါစကလေး အရုပ်မရလို့ ဖြစ်ပျက်နေတဲ့ ရုပ်ကြီးနှင့်တောင် တူနေသေးသည်။

" ကျွန်တော်အိပ်ပြီ... ခင်ဗျားက ကျွန်တော့်ဘေးမှာအိပ်မှာမလား.. ရုတ်ရုတ်ရုတ် တော့လာမလုပ်နဲ့နော် ခုနကထပ်ပိုဆိုးသွားမယ် ဘာမှတ်နေလဲ "

ကျွန်တော့်စကားအား မျက်မှောင်ကြီးကျုံ့ကာ ဆူဆူပုပ်ပုပ် မျက်နှာဘေးကြီးနှင့် နားထောင်နေလေရဲ့။
ကျွန်တော့်မှာတော့ ထိုမင်းကြီးအရူးဖြစ်ပျက်နေပုံအား ကြည့်ကာ မသိမသာ ခိုးရီလိုက်မိသည်။

" ဘာရီတာလဲ.. "

" ဘယ်မှာရီလို့လဲ.. အိပ်ပြီ "

ကျွန်တော်လည်း ဂျောင်ကုပတ်ရမ်းမှာ ဆိုးကာ အမြန်ပင် အိပ်ယာပေါ်လှဲချကာ အိပ်ရန်ပြင်လိုက်ရတော့သည်။

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now