{22}

266 17 0
                                    

တော်၀င်စားတော် အဆောင်ထဲတွင် အရင်ရက်များထက် ထူးခြားနေလေသည်။ စားပွဲကြီးပေါ်တွင် မျိုးစုံသော ဟင်းအမယ်များနှင့် ပြည့်နေလေရဲ့။

ထို့အပြင် အနီရင့်ရောင်၀တ်ရုံတော်ကြီး နှင့်ကောင်လေးမှာ ပြုံးပျော်နေပြီး အဖြူနုရောင်၀တ်ရုံလေးနှင့် ကောင်ငယ်လေးမှာတော့ ဆူပုပ်ပုပ်ဖြစ်နေလေသည်။

" ထယ်.. "

" ဘာလဲ "

ကျွန်တော် စိတ်မပါစွာပြောလိုက်သည့် အသံမှာ စားတော်တစ်ဆောင်လုံး ဟိန်း သွားတော့သည်။

" ကိုယ့်ကိုစိတ်ဆိုးနေတာလား "

" ထင်ချင်သလိုထင် "

ကျွန်တော် တကယ် ဂျွန်ကို စိတ်ဆိုးပါသည်။ ခုနက ကျွန်တော် အကျီလဲပြီး အပြင်သို့ထွက်လာတဲ့အချိန် ဂျွန်က မင်းသမီး ယိုယွင်နဲ့ ကြာပန်းဥယျာဥ်အနားမှာ ရယ်မောကာ စကားပြောနေခဲ့သည်။

ရိုးရိုးစကားပြောရင် ကျွန်တော်ဘာမှမဖြစ်ပါဘူး အခုဟာက တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့ပြီး ဂျွန်ကလည်း ပြုံးလို့ရွှင်နေလို့။ ကျွန်တော့်ကိုတောင် မေ့နေသည့်ပုံ။

" မနေ့က မင်းသမီးရောက်လာတာကို ကိုယ်မကြိုလိုက်မိလို့ ခုနက ဥယျာဥ်အနားမှာတွေ့တာနဲ့ တစ်ခါတည်း လေးစားသမှုနဲ့ နှုတ်ဆက် စကားပြော မိလိုက်တာပါ.. "

" စကားပြောတာက ပြုံးရွှင်ပြီး တစ်ကမ္ဘာလုံး အပိုင်ရထားတဲ့ ပုံစံနဲ့နော် "

" ကိုယ်က ပြုံးပြီးမပြောရလို့ ဒီလို မဲ့ပြီး ပြောရမှာလား "

မျက်မှောင်ကြီးကျုံ့ကာ ပါးစပ်ကိုလည်း မဲ့ထားသလို ပုံစံလုပ်ပြပါသောဂျွန်၏ အမူအရာကြောင့် ကျွန်တော် ရီလိုက်မိသည်။

" ရီတယ်ပေါ့ "

" ဟီးဟီး... "

" ထယ် ရီလိုက်ရင် ကိုယ်မှာလေ တစ်ကမ္ဘာလုံး အပိုင်ရထားသလို ခံစားရတယ် "

" အပို "

" ထယ်မယုံရင် ကိုယ့်ရင်ထဲ၀င်ကြည့် ရင်ခုန်သံတွေက ဒုန်း ဒုန်း လို့တောင်မမြည်တော့ဘူး ထယ် ထယ် ဆိုပြီးမြည်နေတာ "

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now